ဆေးလိပ် အရက် လုံးဝ မသောက်ပါပဲ ဒီလိုရောဂါတွေ ဖြစ်နေရ တဲ့တရားခံ

ဆေးလိပ် အရက် လုံးဝ မသောက်ပါပဲ ဒီလိုရောဂါတွေ ဖြစ်နေရ တဲ့တရားခံ ဒီနေ့ညစာ စားပြီးတော့ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကိုလှမ်းယူပြီး ဖွင့်လိုက်မိတယ်…လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့…လက်နဲ့နှိုက်ကြည့်တဲ့အခါလက်ရဲ့အထိအတွေ့က မွမွလေးဖြစ်နေတော့စိတ်ထဲ မသင်္ကာတာနဲ့လျက်ဆားပုလင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိတယ်… လားလား…မှိုတွေ… ပုလင်းထဲမှာ ပြည့်လို့…ဒါက မျက်စေ့နဲ့မြင်ရတဲ့အရွယ်ရောက်လာလို့…သူတို့တော်တော်ကြီးနေရောပေါ့…ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်…အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ… အဲ့ဒီကလေးက လူကောင်းကလေး…အရက်လည်းမသောက်၊ အသည်းရောင်ပိုး တွေဘာတွေလည်းမရှိဘဲနဲ့အခုတော့ အသည်းကင်ဆာဖြစ်လို့တဲ့…´ ဆိုတဲ့ စကားလေး တွေအကြောင်းလေ… တကယ်တော့…မှို…အဲ့ဒီမှိုတွေကြောင့်ပါပဲလေ…အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်းပျက်စီးကြတာ…ကျွန်တော်တို့နိုင်ငံလို ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိ နည်းတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ…ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်ပေးကြတယ်လေ… စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေး တွေအများစုမှာ
Complete Reading

ညအိပ်ယာထဲ အထိ အွန်လိုင်းသုံးရင် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ဖတ်​ ဖြစ်အောင် ဖတ်သွားကြပါ ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး
Complete Reading

ဒူးနာ၊ ခါးနာ၊ ဒူးခေါင်းကျီးပေါင်း၊ လေငန်းလေးဘက်နာ ရောဂါများအတွက် သဘာဝဆေးနည်း ၈ နည်း ## ဆေးနည်း ၁ ၁။ ဖီးကြမ်းငှက်ပျောသီး အမှည့်ကို ဖင်ဖြတ်၊ ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ ၅ နာရီခန့် ပြုတ်၍ တစ်နေ့ သုံးလုံးစီ ၅ ရက်ဆက်တိုက် စားပေးပါက လေဖြတ်၊ လေငန်း၊ လေးဘက်နာ၊ ခါးနာ၊ ဒူးနာ ပျောက်ကင်းစေနိုင်ပါတယ်။ ## ဆေးနည်း ၂ ၁။ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားပါ။ ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်း စေနိုင်ပါတယ်။ ## ဆေးနည်း ၃ ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။
Complete Reading

  တစ်လောကလုံးက လူသားများအားလုံးက သစ်သီးစားသုံးခြင်းဟာ ကောင်းမွန်တယ် ဆိုတာ လက်ခံထားကြပါတယ်။ တစ်နိုင်ငံလုံး အ၀လွန်ရောဂါ၊ ဦးနှောက်သွေးကြောပေါက် ရောဂါအဖြစ်များတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာ အများဆုံးစားသုံးတဲ့အသီးဟာ ဘာအသီး ဖြစ်မယ်ထင်ပါသလဲ။ ပန်းသီး၊ လိမ္မော်သီး နှင့် ဖရဲသီးများလား။ မဟုတ်ပါဘူး ဒီအသီးတွေ ထဲကတစ်ခုမှမဟုတ်ပဲ ငှက်ပျောသီးဖြစ်ပါတယ်။ ငှက်ပျောသီးကတော့ ကျွန်ပ်တို့ခန္ဓာကိုယ်မှ ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်တာ တော့မဟုတ်ပါ။ ဒါပေမယ့်တစ်နေ့ကိုငှက်ပျောသီး၂လုံးစားသုံးခြင်းဟာအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်ဦးနှောက်သွေးကြောဆိုင်ရာရောဂါများကိုအတန်အသင့်ကာကွယ်တားဆီးပေးပြီးသားဖြစ်တယ်ဆိုတာကတော့ သုတေသန ပြုလုပ်ချက်များ က သက်သေထူနေပါတယ်။   ငှက်ပျောသီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ထုတ်လုပ်ပေးသောအသီးဖြစ်ရုံသာမကကိုယ်ခံစွမ်းအားကိုပါမြှင့်တင်ပေးနိုင်တဲ့ အသီးလည်းဖြစ်ပါတယ်။ ငှက်ပျောသီး အတွင်းမှာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနို်င်တဲ့ဓာတ်ပစ္စည်းများ စုံလင်စွာပါဝင်နေရုံသာမက သွေးဖြူဥထုတ်လုပ်သော ဆဲလ်များကိုပါ အားဖြည့်ပေးတာကြောင့် အလွန်ကောင်းမွန်တဲ့ သစ်သီးပဲဖြစ်ပါတယ်။ သို့သော် ငှက်ပျောသီးကို ၀ယ်ယူရာမှာတော့ အမည်းစက်နည်း နိုင်သမျှ နည်းအောင် ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဘာလို့လည်းဆိုတော့
Complete Reading

ထမင်းစားရင်းဖြစ်စေ ထမင်းစားပြီးဖြစ်စေ ရေသောက်တဲ့ အကျင့်ရှိရင် ဒီပို့ကို ကျော်မသွားပဲ ကြည့်သွားပါနော်

Comments Off on ထမင်းစားရင်းဖြစ်စေ ထမင်းစားပြီးဖြစ်စေ ရေသောက်တဲ့ အကျင့်ရှိရင် ဒီပို့ကို ကျော်မသွားပဲ ကြည့်သွားပါနော်

ထမင်းစားရင်းဖြစ်စေ ထမင်းစားပြီးဖြစ်စေ ရေသောက်တဲ့ အကျင့်ရှိရင် ဒီပို့ကို ကျော်မသွားပဲ ကြည့်သွားပါနော် ရေနွေးကြမ်းနှင့် နှလုံးခုန် ရုတ်တရက် ရပ်တန့်ခြင်း ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။ ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တစ်ခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက
Complete Reading

လေဖြတ်ဝေဒနာသည်များအတွက် လူကောင်းပကတိအတိုင်း သွားလာလှုပ်ရှားနိုင်တဲ့ ဆိပ်ဖူးဥ

Comments Off on လေဖြတ်ဝေဒနာသည်များအတွက် လူကောင်းပကတိအတိုင်း သွားလာလှုပ်ရှားနိုင်တဲ့ ဆိပ်ဖူးဥ

တကယ်စွမ်းပါတယ်တဲ့အောက်ဖော်ပြပါ ဆိပ်ဖူးဥ ကိုထောင်းပြီး ထန်းလျှက် အရက် စစ်စစ်နှင့် တစ်နေ့ ၃ ကြိမ် သောက်ပေးရုံဖြငိ့ တစ်လပင်မပြည့်မီ လူကောင်းပကတိအတိုင်း သွားလာလှုပ်ရှားနိုင်တာကို ဝမ်းမြောက်ဖွယ် တွေ့မြင်နေရသည်။     ဆိပ်ဖူး ဆိုသည်မှာ ဝိနည်းမဟာဝါ ဘေသဇ္ဇခန္ဓက လာ ဘုရားဟော ဆေးပင်တစ်မျိုး ဖြစ်ပါသည်။ နေရာဒေသတိုင်း မပေါက်ရောက်ပဲ ထီးလင်းမြို့နယ်၊ ဆေးကြီးတောင်ဒေသ တွင်သာ တွေ့ရသည်။ ၎င်းဥမှာ မွေးကြိုင်ပြီး အသားဟင်းထဲခပ်ကာ စားသုံးလေ့ရှိကြသည်။     ဝေဒနာရှင်များ လိုအပ်ပါက အခမဲ့ပို့ပေးပါမည်။ ရှယ်ပေးခြင်းဖြင့်ကုသိုလ်ယူကြပါရန်။ Credit Uzin Uzin ======================== တကယ်စွမ်းပါတယ်တဲ့အောက်ဖော်ပြပါ ဆိပ်ဖူးဥ ကိုထောင်းပြီး ထန်းလျှက် အရက် စစ်စစ်နှင့် တစ်နေ့ ၃ ကြိမ် သောက်ပေးရုံဖြငိ့
Complete Reading

လေဖြတ်၍ သင့်ဘဝ မသေစေရန်

Comments Off on လေဖြတ်၍ သင့်ဘဝ မသေစေရန်

  တစ်ခါက ဆရာကန်တော့ပွဲတစ်ခုတွင် လေဖြတ်ထားသော ကြောင့် ညာဘက်တစ်ခြမ်း လက်၊ ခြေမသန်၊ တုတ်ကောက် တစ်ခု၏ အောက်ခြေတွင် အဖုလေးဖုတပ်ထားသော အထိန်း နှင့်မလဲအောင်ကိုင်ထားရသည့်အပြင် နံဘေးမှ အကူအတွဲ တစ်ယောက်ပါမှ လျှောက်လမ်းနိုင်သည့် ဆရာကြီးတစ်ဦးနှင့် တွေ့ရသည်။ ထိုဆရာကြီးသည် တစ်ခုသောအချိန် လွန်ခဲ့သော ဆယ်စု နှစ်နှစ်ခုကျော်က ဤကျောင်းကြီး၏ လျှမ်းလျှမ်းတောက် ဂုဏ် သတင်းဆောင်ခဲ့သည့် တိုင်းတစ်ခုလုံးတွင် အောင်ချက် အကောင်းဆုံးကျောင်းကြီးဖြစ်အောင် ထူးချွန်စွာတာဝန် ထမ်းဆောင်ခဲ့သည့် ဆရာကြီးတစ်ဦးဖြစ်ပါသည်။ ဆရာကြီးသည် ဤကျောင်းတော်ကြီးကို ဆယ်နှစ် ဆယ်မိုးအုပ်ချုပ်ခဲ့သည်။ ဦးစီးပဲ့ကိုင်ခဲ့သည်။ တစ်ချိန်က အထက်တန်းပြဆရာအဖြစ်နှင့် တစ်ကြိမ်၊ ကျောင်းအုပ် ဆရာကြီးအဖြစ်နှင့် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် ဤကျောင်းကြီးတွင် တာဝန်ထမ်းခဲ့ပြီး အလွန်ထက်မြက်သွက်လက်သော တက်ကြွ သော ဆရာကြီးဖြစ်ခဲ့သည်။ ယခုခေတ် လက်အုပ်ချီကန်တော့ကြသော
Complete Reading

“ဒူးရင်းသီး စားခြင်းနှင့် စောင်ရန် ရှောင်ရန် သတိပြုရန်များ”…….

Comments Off on “ဒူးရင်းသီး စားခြင်းနှင့် စောင်ရန် ရှောင်ရန် သတိပြုရန်များ”…….

  “ဒူးရင်းသီး စားခြင်းနှင့် စောင်ရန် ရှောင်ရန် သတိပြုရန်များ” အစားမတော်တစ်လုတ် (ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ) အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။ ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့်
Complete Reading


Comments Off on ထိန်းမရအောင်ချောင်းဆိုးနေပါက လတ်တလောဖြေရှင်းနည်း

  ထိန်းမရအောင်ချောင်းဆိုးနေပါက လတ်တလောဖြေရှင်းနည်း ချောင်းဆိုးနေတဲ့သူ အတော်များများ တွေ့နေရလို့ မျှဝေတာပါ တော်တော်လေး ထိရောက်ပါတယ် ထိန်းမရအောင်ချောင်းဆိုးနေပါက လတ်တလောဖြေရှင်းနည်း ”မိမိအနေဖြင့် ထိန်းမရအောင် ချောင်းဆိုးနေတယ်ဆိုရင် မိမိ၏ လက်နှစ်ဖက်ကို ခေါင်းပေါ်ကို မြှောက်၍ မထား၊တင်ထားလိုက်ပါက ချောင်းဆိုးခြင်းကို သက်သာသွားပါလိမ့်မယ်။ နောက်တနည်းကတော့…ကြက်သွန်အဖြူ.. ၃/၄ တက်ကို စိပ်မွှာပြီးတော့ ပျားရည်ဖြင့်ရောစပ်၍ တစ်ညစိမ်ပါ။ ပျားရည်စိမ်ထားသော ကြက်သွန်ဖြူကို လက်ဘက်ရည်ဇွန်းဖြင့် တစ်ကြိမ်စားရင် တစ်ဇွန်း,တစ်နေ့ကို (၂)ကြိမ် စားသုံးပေးပါက ပျောက်ကင်းသက်သာစေပါတယ်။ ဘဝခါးခါး ထိန်းမရအောင်ချောင်းဆိုးနေပါက လတ်တလောဖြေရှင်းနည်း ချောင်းဆိုးနေတဲ့သူ အတော်များများ တွေ့နေရလို့ မျှဝေတာပါ တော်တော်လေး ထိရောက်ပါတယ် ထိန်းမရအောင်ချောင်းဆိုးနေပါက လတ်တလောဖြေရှင်းနည်း ”မိမိအနေဖြင့် ထိန်းမရအောင် ချောင်းဆိုးနေတယ်ဆိုရင် မိမိ၏ လက်နှစ်ဖက်ကို ခေါင်းပေါ်ကို မြှောက်၍ မထား၊တင်ထားလိုက်ပါက ချောင်းဆိုးခြင်းကို
Complete Reading

ရာသီဥတု ကြမ်းတမ်းလာခြင်းကြောင့် [အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်]

Comments Off on ရာသီဥတု ကြမ်းတမ်းလာခြင်းကြောင့် [အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်]

  [အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်] နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာပြီး အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့် ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက် ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်ပါက အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ်နိုင်သည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။ ၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရ အေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ။ ၂။ ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ ၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာ
Complete Reading

Create Account



Log In Your Account