အမေ ပြန်မလာတဲ့နေ့…။

အမေ ပြန်မလာတဲ့နေ့…။

Comments Off on အမေ ပြန်မလာတဲ့နေ့…။

သူ အိမ်ပြန်ချိန်တိုင်းနီးပါး ဒီ မှတ်တိုင် မှာ တွေ့နေရကျ မြင်ကွင်းက ဘတ်စ်ကားစောင့်နေတာ မဟုတ်မှန်း သိသာတဲ့ မိန်းကလေး တစ်ယောက်၊ နှစ်ယောက်။ တစ်ခါတစ်ရံ သုံးယောက်။ ဒီနေ့ သူ တွေ့တာက ခါတိုင်း တွေ့နေကျ မိန်းကလေးတွေမဟုတ်ဘဲ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦး။ စိတ်ထဲမှာ ထင့်ခနဲ။ အမေများလား။ မဖြစ်နိုင်ပါဘူးဆိုပြီး ခေါင်းထဲက အတွေးတွေကို အတင်းမောင်းထုတ်နေရင်းက မျက်နှာကို မြင်ရအောင် နေရာရွှေ့ပြီး ကြည့်မိပါတယ်။ မျက်နှာကျက သူ မှတ်မိခဲ့တဲ့ အမေ့ရဲ့ ရုပ်သွင် နဲ့ မဆင်တူလှပါ။ တစ်ဖက်က စိတ်သက်သာရာရသလို ခံစားလိုက်ရပေမယ့် တစ်ဖက်က မျှော်လင့်ချက် ပျက်ယွင်းသွားသလို ခံစားရတဲ့ ရှုပ်ထွေးလွန်းတဲ့ လှိုင်းတစ်ခု ရင်ထဲ ဖြတ်စီးသွားခဲ့ပါတယ်။ အမေ့ကို တစ်ချိန်မှာ
Complete Reading

မီးလျှံထဲက ကယ်ခဲ့ရတဲ့(၉)လသမီးလေးနဲ့ မီးသတ်သမားကြီးတို့ (၁၇)နှစ်ကြာလို့ ပြန်ဆုံတဲ့အခါ

Comments Off on မီးလျှံထဲက ကယ်ခဲ့ရတဲ့(၉)လသမီးလေးနဲ့ မီးသတ်သမားကြီးတို့ (၁၇)နှစ်ကြာလို့ ပြန်ဆုံတဲ့အခါ

  လက်ရှိအချိန်မှာ အသက်အားဖြင့် (၆၁)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ မီးသတ်သမားဟောင်းကြီး Mike Hughes ဟာ လွန်ခဲ့တဲ့ (၁၇)နှစ်က (၉)လအရွယ် လူမမယ်ကလေးမလေးဖြစ်တဲ့ Dawnielle Daviso ကို ကယ်ဆယ်ခဲ့ရဖူးပါတယ်။ သူဟာ အခုတော့ ပင်စင်စား မီးသတ်သမားကြီးပေါ့။ ယခင်တုန်းကတော့ သူဟာ တစ်ခုခုအရေးပေါ်ဖြစ်တာနဲ့ ချက်ချင်းရောက်အောင်သွားတဲ့ ကပ္ပတိန် Mike ပါဘဲ။     (၁၉၉၈)ခုနှစ်တုန်းက အိမ်တစ်လုံးမီးလောင်နေတယ်ဆိုပြီး အရေးပေါ်ဖုန်းနဲ့အကြောင်းကြားခံရလို့ အဲဒီနေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ခဲ့ကြပါတယ်။ သူတို့မီးသတ်တပ်ဖွဲ့ဟာ ဝါရှင်တန်အခြေစိုက် Wenatchee Fire Department အမည်ရ မီးသတ်တပ်ဖွဲ့ဖြစ်ပါတယ်။   မီးလောင်ရာအိမ်ကို ရောက်ရောက်ချင်းမှာပဲ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်နိုင်ရေး၊ တစ်ခြားအိမ်ကို မီးမကူးရေး ကြိုးစားခဲ့ကြပါတယ်။ တစ်စုံတစ်ယောက်က အိမ်ထဲမှာ ကလေးငယ်တစ်ဦးရှိနေတယ်လို့ သူ့ကို
Complete Reading

တန်ဖိုးမထားချင်နေပါလေးစားမှုတော့ရှိပါ

Comments Off on တန်ဖိုးမထားချင်နေပါလေးစားမှုတော့ရှိပါ

– မူလီတစ်ချောင်းဟာ လမ်းမပေါ်မှာ ကျနေရင်တော့ ဘာမှသုံးစားမရတဲ့ အမှိုက်ဖြစ်နေပေမယ့် ဒေါ်လာသန်းချီတန်တဲ့လေယာဉ်တစ်စီးအတွက်တော့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်တယ်။ – ခန္ဓာကိုယ်ကိုရင်းပြီး လုပ်ကိုင်စားသောက်နေရတဲ့ မိန်းကလေးဆိုပြီး အထင်သေးတော့မလို့လား? – မဟုတ်သေးဘူးနော်… သူ့ကို လက်ဖျားနဲ့တောင် မထိရက်လောက်အောင် တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။ – အတော်များများ မလုပ်ချင်တဲ့ စားပွဲထိုးအလုပ်ကို လုပ်နေရတဲ့ ကောင်လေးဆိုပြီး နိုင်ထက်စီးနင်းဆက်ဆံတော့မလို့လား? – မဟုတ်သေးဘူးနော်…သူ့အတွက် ဘေးမသီ ရန်မခဖို့ နေ့စဉ် ဘုရားမှာဆုတောင်းပေးနေတဲ့ အမေတစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။ – သူများတကာအိမ်မှာ အိမ်အကူလုပ်နေရတဲ့ အိမ်ဖော်မိန်းကလေးဆိုပြီး အနိုင်ကျင့်တော့မလို့လား? – မဟုတ်သေးဘူးနော်…သူပြန်ပို့တဲ့ လုပ်အားခနဲ့ ပညာသင်ပြီး တစ်နေ့မှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ မောင်နှမတွေ သူ့မှာ ရှိနေနိုင်တယ်လေ။ –
Complete Reading

သကြားထက် ချိုသောအရာ

Comments Off on သကြားထက် ချိုသောအရာ

သကြားထက်​ချို​သောထိုအရာတွေကို ရရှိခံစားနိုင်ကြပါစေ —- ===================== အသက် အတော်ကြီး နေပြီ ဖြစ်တဲ့ လူကြီး တစ်ယောက် ဟာ အေးစက် မှုန်မှိုင်း နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခု ပေါ်မှာ ထိုင်နေ ခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲ ညစ်နွမ်း နေတဲ့ အ၀တ် အစား တွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန် ကာ လျှံကာ ကြည့်သွား ကြရုံက လွဲလို့ ဘယ်သူ ကမှ အရေး တယူ မရှိ ကြပါ။ ဟုတ်ပါ တယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက် နေတဲ့
Complete Reading

” နာသုံးနာနှင့် ထွန့်ထွန့်လူးမိဘများ “

Comments Off on ” နာသုံးနာနှင့် ထွန့်ထွန့်လူးမိဘများ “

““ကဲ…ဆရာ၊ ဆရာမတွေအားလုံး သေသေ ချာချာနားထောင်ပါ။ ဒီကနေ့မနက်ကပဲ အထက် ဌာနရဲ့ ညွှန်ကြားချက်ရောက်လာပါတယ်။ အဓိက ညွှန်ကြားချက်တွေ ကတော့ နံပါတ်တစ် ဆရာ၊ ဆရာ မတွေ အပြင်မှာ ကျူရှင်လုံးဝမသင်ရဘူး။ နံပါတ် နှစ် ကျောင်းသူ၊ ကျောင်းသားတွေဆီကနေ ဘာ အကြောင်းပြချက်နဲ့မှ ငွေကြေးကောက်ခံခြင်း၊ တံစိုး လက်ဆောင်လာဘ်လာဘရယူခြင်း မပြုရဘူး။ နံ ပါတ်သုံးအချက်က အရေးအကြီးဆုံးဖြစ်တယ်။ ဘာ လဲဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေကို ကိုယ် ထိလက်ရောက် လုံးဝ(လုံးဝ)ရိုက်နှက်ဆုံးမခြင်းမပြု ရဘူး။ ဒီအချက်သုံးချက်ကို သိရှိလိုက်နာမည်ဖြစ် ကြောင်းနဲ့ ဖောက်ဖျက်ပါက ပေးအပ်တဲ့အပြစ်ကို ခံယူပါမယ်ဆိုတာကို ဆရာ၊ ဆရာမတစ်ယောက် ချင်းစီ ခံဝန်လက်မှတ်ရေးထိုးရမယ်။ အခု အစည်း အဝေးပြီးတာနဲ့ ဆရာကြီးရုံးခန်းက ခံဝန်စာအုပ်မှာ လက်မှတ်လာထိုးကြပါ။ မရှင်းတာရှိလား””
Complete Reading

Create Account



Log In Your Account