ကမ္ဘာ့ဖလားမှာ ထူးထူးခြားခြား လက်ပစ်ဘောမြှောက်ဖို့ ကြိုးစားခဲ့တဲ့ အီရန်နောက်ခံလူ
အီရန်အသင်းရဲ့နောက်ခံလူ မိုဟာမက်ဒီကတော့ ကမ္ဘာ့ဖလားရဲ့သမိုင်းဝင်လက်ပစ်ဘောတစ်လုံးကို ပစ်မြှောက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့အခွင့်အရေးကို ဆုံးရှုံးလိုက်ရပါတယ်။ မိုဟာမက်ဒီဟာ စပိန်အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာ လက်ပစ်ဘောတစ်လုံး မြှောက်ခွင့်ရခဲ့ပြီး စပိန်ဂိုးစည်းရဲ့တစ်ဖက်ခြမ်းကနေ တစ်ပတ်ကျွမ်းထိုးပြီး မြှောက်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ကြိုးစားမှုကို ကွင်းလယ်ဒိုင်က တားဆီးခဲ့ပြီး ရိုးရိုးလက်ပစ်ဘောပုံစံနဲ့သာ မြှောက်စေခဲ့ပါတယ်။ တကယ်လို့ မိုဟာမက်ဒီသာ လက်ပစ်ဘောကို သူရည်ရွယ်ထားတဲ့အတိုင်း တစ်ပတ်ကျွမ်းထိုးပြီးမြှောက်နိုင်မယ်ဆိုရင် ဒါဟာ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး တစ်ပတ်ကျွမ်းလက်ပစ်ဘော ဖြစ်လာမှာပါ။ အမျိုးသားကမ္ဘာ့ဖလားလို့ပြောရတာက အကြောင်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၀၈ ခုနှစ်မှာကျင်းပခဲ့တဲ့ ဖီဖာ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပွဲစဉ်မှာ ဘရာဇီးကွင်းလယ်လူ လိဖော်ကျွန်းက အဲဒီလိုမျိုးပဲ လက်ပစ်ဘောကို တစ်ပတ်ကျွမ်းပစ်ပြီး ပေးပို့မှု ပြုလုပ်ခဲ့လို့ပါ။ သူမရဲ့ပေးပို့မှုက အောင်မြင်ခဲ့ပြီး သူမရဲ့လက်ပစ်ဘောကနေတစ်ဆင့် အသင်းဖော်တွေက
Complete Reading
အောင်သူဆိုတဲ့ မြန်မာဘောလုံးကြယ်တစ်ပွင့် ဟာ ထိုင်းဘောလုံးကမ္ဘာတွင် အထွန်းတောက်ဆုံးဖြစ်နေတာပရိသတ်ကြီးအသိပင်။လက်ရှိကလပ် ပူးလစ်တယ်ရိုကိုပင် အောင်သူတယ်ရိုလို့ ပရိသတ်တွေက နာမည်ပေးရသည်အထိ အောင်သူခြေစွမ်းပြသလျက်ရှိပါတယ်။ ထိုင်းပရီးမီးယားလိဂ် နာမည်ကြီးတိုက်စစ်မှူးတွေနဲ့ အပြိုင်ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းနေတဲ့ သူ့ ကိုထိုင်းပရီးမီးယားလိဂ်အသင်းကြီးတွေကခေါ်ယူဖိုစိတ်ဝင်စားလာကြပါတယ်။ ထိုင်းပရီးမီးယားလိဂ်အင်အားကြီးကလပ်အသင်း တစ်သင်းဖြစ်တဲ့  မြောင်တောင်ယူနိုက်တက်ဟာ ပထမရာသီဝက်ပြီးချိန်မှာ အောင်သူကိုခေါ်ယူဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမယ့် အောင်သူရဲ့ မိခင်ကလပ်ရတနာပုံအသင်းကနေ တစ်ရာသီအဌားစာချုပ်နဲ့ ခေါ်ယူထားတဲ့ ပူးလစ်တယ်ရိုဟာ မြောင်တောင်ရဲ့ ကမ်းလှမ်းခဲ့မှုကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာခြေစွမ်းတွေပြသနေတဲ့ အောင်သူရဲ့ ပြောင်းရွှေ့ ကြေးဟာလည်းမြင့်သထက်မြင့်တက်လာနေပါတယ်။ပူးလစ်တယ်ရိုမရောက်ခင်ကအောင်သူရဲ့ ပြောင်းရွှေ့ ကြေးဟာယူရို(၃)သိန်းခန့် သာရှိပေမယ့် အခုအချိန်မှာတော့  သူရဲ့ တန်ကြေးဟာ ယူရို(၅)သိန်းခန့် အထိရှိလာခဲ့ပါပြီ။ သိပ်မကြာသေးခင်က အောင်သူကို ဂျပန်ကလပ်တွေက ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းဟာဒီသတင်းတွေကို အတည်ပြုခဲ့ပြီး ဂျပန်ကလပ်တွေရဲ
Complete Reading
လီဗာပူး – လိုင်ယွန်ဥက္ကဋ္ဌ ဂျင်းမိုက်က်အူလပ်စ်က ဖီကီယာကို အသင်းမှာဆက်ထိန်းထားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် လီဗာပူးအသင်းဟာ လိုင်ယွန်ကွင်းလယ်ကစားသမား နာဘေးလ်ဖီကီယာကို ပြောင်းရွှေ့ကြေး ပေါင် (၅၇)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ Liverpool Echo မှာ ဖော်ပြထားချက်အရတော့ ပြောင်းရွှေ့ကြေး (၄၈.၄)သန်း လို့ ဖော်ပြထားပါတယ်။   ဂျွန်နီအီဗန် – မန်ယူကစားသမားဟောင်းဖြစ်တဲ့ ဝက်စ်ဘရွန်းနောက်ခံလူ ဂျွန်နီအီဗန်ဟာ လက်စတာအသင်းထံမှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ပြီး မကြာခင်မှာ သုံးနှစ်စာချုပ် ချပ်ဆိုတော့မှာ ဖြစ်ပါတယ်။ အီဗန်အတွက် ပြာင်းရွှေ့ကြေးကို ဝက်စ်ဘရွန်းက ပေါင် (၁၇.၈)သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။   အိုဇေးလ် – ဒဏ်ရာ ရရှိထားတဲ့ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ လက်တလော ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေအရ သူရရှိထားတဲ့
Complete Reading
  အောင်သူ ၊ကျော်ကိုကိုခေတ်မရောက်ခင်ပြည်ပထွက်ကစားသောမြန်မာကစားသမား(၃)ယောက်ရှိခဲ့ဖူးပါတယ်။သူတို့ တွေကအာင်ကျော်နိုင်၊ကျော်ဇေယျာဝင်းနဲ့ နန္ဒလင်းကျော်ချစ်တို့ ဖြစ်ကြပါတယ်။ စင်ကာပူကလပ်ဘလက်စတီးယားခါဇန်အသင်းမှာ ကစားခဲ့သောသူတို့ (၃)ယောက်ကိုမြန်မာရဲ(၃)ဖော်လို့ ပရိသတ်တွေကချစ်စနိုးခေါ်ကြပါတယ်။မြန်မာကစားသမားတွေပြည်ပသို့ ထွက်ကစားမှုအလွန်ရှားပါးနေချိန်မျိုးမှာသူတို့ (၃)ယောက်ကပိုင်အိုနီးယားတွေလိုရေခြားမြေခြားမှာသွာကစားပြခဲ့ပြီးအောင်မြင်သင့်သလောက်လည်းအောင်မြင်မှုတွေရခဲ့ပါတယ်။စင်ကာပူကလပ်ဘလက်စတီးယားနဲ့ လမ်းခွဲပြီးချိန်မှာလည်း ပြည်တော်မပြန်ကြသေးပဲထိုင်းလိဂ်သို့ ပြောင်းရွှေ့ ကာ စွန့် စားခန်းတွေထပ်ဖွင့်ခဲ့ကြပြန်ပါတယ်။ အောင်ကျော်နိုင်ကအန်တွန် FC၊နန္ဒလင်းကျော်ချစ်က ပရာဂျပ်အသင်းနဲ့ အသီသီးစာချုပ်ချုပ်ဆိုခဲ့ကြပြီးကျော်ဇေယျာဝင်းကလည်းထိုင်းကလပ်အသင်းတစ်သင်းနဲ့ သဘောတူညီမှုရယူထားခဲ့တယ်လို့ သိခဲ့ရပါတယ်။စင်ကာပူကလပ် ဘလက်စတီးယားမှာကစားခဲ့စဉ်ကသူတို့ (၃)ယောက်လုံးခြေစွမ်းပြနိုင်ခဲ့ပေမယ့် နိုင်ငံလက်ရွေးစင်အသင်းမှာတော့ ရွေးချယ်ခြင်းမခံခဲ့ ရပါဘူး။ထိုင်းမြေကိုခြေချတော့ အင်တာဗျူးတစ်ခုမှာနန္ဒလင်းကျော်ချစ်ကထိုင်းမှာခြေစွမ်းပြပြီး မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ပြန်လည်ပါဝင်ချင်တယ်လို့ ပြောခဲ့ပါတယ်။သို့ သော်သူ့ အိမ်မက်တွေက ထိုင်းလိဂ်ဒုတိယရာသီဝက်မှာတော့ ပြယ်လွင့် သွားခဲ့ရပါတယ်။   နန္ဒလင်းကျော်ချစ်ရဲ့ ကလပ်ပရာဂျပ်က ဒုတိယရာသီဝက်အရောက်မှာတော့ သူ့ ကိုစာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပြီးနန္ဒရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦးကိုအမြန်ရှာဖွေသွားမယ်လို့ ကြေညာထားခဲ့ပါတယ်။ သူ့ လိုပဲ အန်တွန် အသင်းဟာလည်း အောင်ကျော်နိုင်ကိုအသင်းကနေထွက်ခွာခွင့် ပေးခဲ့ပါတယ်။
Complete Reading
  ဖီဖာအသိအမှတ်ပြု ပြိုင်ပွဲမဟုတ်ပေမယ့်လည်း POLICE TERO အသင်းကစေလွှတ်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လအတွင်းကျင်းပမယ့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲနဲ့ အာရှအားကစားပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းမှာ အဓိက တိုက်စစ်မှူး အောင်သူ ပါဝင်လာမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဥိးကိုကိုသန်းက ပြောပါတယ်။ လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို လာမယ့် သြဂုတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ၊ဘာရိန်း၊ထိုင်းတို့မှ ယူ-၂၃ အသင်းမှာ ပါဝင်မှာဖြစ်ပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းကိုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။   ” လေးနိုင်ငံဖိတ်ခေါ်ဖလားကတော့ အာရှအားကစားပွဲတော်အတွက် ရည်ရွယ်ပြင်ဆင်တဲ့အနေနဲ့ ကစားတာပါ။ ဖီဖာ အသိအမှတ်ပြု မဟုတ်ပေမယ့် Police Tero အသင်းနဲ့
Complete Reading
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ ဂိုးသမား လိုရစ်ကာရီရစ်ဘက်က လီဗာပူးတစ်သင်းလုံး ရပ်တည်နေတယ်လို့ ဆိုလိုက်တဲ့ ယာဂန်ကလော့
Comments Off on ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ ဂိုးသမား လိုရစ်ကာရီရစ်ဘက်က လီဗာပူးတစ်သင်းလုံး ရပ်တည်နေတယ်လို့ ဆိုလိုက်တဲ့ ယာဂန်ကလော့
လီဗာပူး နည်းပြ ယာဂန်ကလော့က မနေ့ညက ကိယက်မှာ ရီးရဲယ်မက်ဒရစ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဂိုးသမား လိုရစ်ကာရီရက်စ်ဟာ ဆိုးရွားလှတဲ့ အမှားနှစ်ခုကို ကျူးလွန်ခဲ့ပေမယ့်လည်း လီဗာပူးအသင်းဟာ ဂျာမနီဂိုးသမားဘက်က ရပ်တည်ပေးသွားမယ်လို့ ယာဂန်ကလော့က ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် အသင်းဟာ မနေ့ညက ကိယက်မှာ ကျင်းပခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာတော့ လူစားဝင် ကစားသမားဖြစ်တဲ့ ဂါရက်ဘေးရဲ့ သွင်းဂိုး ၂ ဂိုး နဲ့အတူ လီဗာပူး ကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ် ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ ကိယက်ဖိုင်နယ်မှာ ရီးရဲယ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့မှုဟာ
Complete Reading
ဂိုးဖန်တီးမှု၃ကြိမ်၊ သွင်းဂိုး၁ဂိုးနဲ့ Police Teroအတွက်တာဝန်ကျေ နေဆဲဖြစ်တဲ့ အောင်သူ
Comments Off on ဂိုးဖန်တီးမှု၃ကြိမ်၊ သွင်းဂိုး၁ဂိုးနဲ့ Police Teroအတွက်တာဝန်ကျေ နေဆဲဖြစ်တဲ့ အောင်သူ
ယနေ့ညနေပိုင်းမှာကစားသွားခဲ့တဲ့တိုယိုတာထိုင်းလိဂ်ပွဲစဉ်မှာ အန်ဒရီ၊ အောင်သူတို့ရဲ့ခြေစွမ်းပြမှုနဲ့အတူ Police Teroအသင်းကို Siam Navyအသင်းကို၆-၃ဂိုး နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ နောက်ဆုံးလိဂ်၂ပွဲဆက်ရှုံးပွဲကြုံထားခဲ့ရတဲ့အိမ်ရှင် Police Tero အသင်းဟာ ပွဲအစကတည်းကတိုက်စစ်မြှင့်ကစားသွားခဲ့လို့ ပထမပိုင်းမှာပဲ၎ဂိုးပြတ်အနိုင်ရ ရှိနေခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာသွင်းယူခဲ့တဲ့ ၄ဂိုးမှာတိုက်စစ်မှူး အန်ဒရီရဲ့သွင်းဂိုး၃ဂိုးအထိပါဝင်ခဲ့တာဖြစ်ပြီး ၊မားကို့စ်ကတဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။   အောင်သူကတော့ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် သွင်းဂိုး၎ဂိုးအနက် ၃ဂိုးအထိ အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းအစမှာလည်း Police Tero တို့ ဆက်လက်ဖိအားပေးကစားသွားခဲ့လို့ ပွဲချိန်၄၈မိနစ်မှာဖွန်ခမ်းက ပဉ္စမမြောက်ဂိုးအဖြစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၅ဂိုးပြတ်အနိုင်ရနေအပြီးမှာ ကစားအားလျှော့ချခဲ့လို့ချေပဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရပါတယ်။ပွဲချိန်၆၄မိနစ်၊ ၆၆မိနစ် နဲ့ ၆၇မိနစ်တွေမှာ ဧည့်သည်အသင်းက ၃ဂိုးဆက်ပြန်သွင်းယူသွားခဲ့လို့ ပွဲဟာအနည်းငယ်ငယ်လှုပ်လှုပ်ခတ်ခတ်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ Police Tero အသင်းကပွဲကို အကောင်းဆုံးပြန်ထိန်းချုပ်သွားခဲ့ပြီး ပွဲချိန်၈၁မိနစ်မှာ အောင်သူက တဂိုးထပ်မံသွင်းယူပေးခဲ့လို့ ၆-၃ဂိုးနဲ့ပွဲပြီးသွားခဲ့ရပါတယ်။ ဒီပွဲမှာ ဂိုးဖန်တီးမှု၃ကြိမ်နဲ့ သွင်းဂိုးတဂိုးသွင်းယူပေးခဲ့တဲ့ အောင်သူဟာ Police Tero အတွက်
Complete Reading
Comments Off on ဘောလုံးသမား အောင်သူ အောင်မြင်လာဖို့ ဘယ်လိုတွေ ဖြတ်သန်းခဲ့ရသလဲ ဆိုတာ သိနိုင်ဖို့ အောင်သူ့ ငယ်ဘဝ အကြောင်းတချို့ကို အောင်သူ့နဲ့ သူ့ မိခင်တို့ ပြန်ပြောထားတာကိုလည်း တင်ဆက်ပေးထားပါတယ်။
ပြိုင်ပွဲကာလ နီးလာသည်နှင့်အမျှ “ကြိုးစားမှုတွေမြှင့်တင်ခဲ့တဲ့ အောင်လအန်ဆန်း” ဗီဒီယိုဖိုင်လေး
Comments Off on ပြိုင်ပွဲကာလ နီးလာသည်နှင့်အမျှ “ကြိုးစားမှုတွေမြှင့်တင်ခဲ့တဲ့ အောင်လအန်ဆန်း” ဗီဒီယိုဖိုင်လေး
ပရိသတ်အချစ်တော်ကြီး အောင်လအန်ဆန်းကတော့ လက်ရှိ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆု ငါးထပ်ကွမ်း လီယမ်ဒရို အက်တီးစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပြီး ပြိုင်ပွဲအတွက် စိုးရိမ်မှုအချို့ရှိနေကြောင်း သိရပါတယ်။     အဆိုပါ ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆု ငါးထပ်ကွမ်း လီယမ်ဒရို အက်တီးစ်က ယခင်မစ်ဒယ်ဝိတ်ချန်ပီယံဟောင်း ရှရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်ကို တတိယအချီ (၂) မိနစ် (၄၁) စက္ကန့်အရောက်မှာပဲ အလဲထိုးအနိုင်ရယူခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ဘက်ရဲ့ အားသာချက်ကို ကြည့်ပြီး အောင်လအန်ဆန်းကတော့ ကြိုးစားမှုတွေ အရှိန်မြှင့်တင်ခဲ့တာတွေ့ရပါတယ်။ လက်ရှိ အောင်လအန်ဆန်းရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြင်ဆင်မှုတွေများစွာပြုလုပ်နေကြောင်း တွေ့ရပါတယ်။     လက်ရှိ အဆိုပါမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲဟာ ရက်ပေါင်း ၃၉
Complete Reading
မြန်မာနိုင်ငံသားခံယူပြီး မြန်မာ့လက်ဝှေ့ကိုချစ်မြတ်နိုးကာ လက်ရှိချန်ပီယံဖြစ်လာသူ ဒေ့ဗ်(ဒေဝ)
Comments Off on မြန်မာနိုင်ငံသားခံယူပြီး မြန်မာ့လက်ဝှေ့ကိုချစ်မြတ်နိုးကာ လက်ရှိချန်ပီယံဖြစ်လာသူ ဒေ့ဗ်(ဒေဝ)
လက်ရှိမြန်မာ့ လက်ဝှေ့ရဲ့ ချန်ပီယံနေရာမှာ ရပ်တည်နေတဲ့ ဒေ့ဗ်(ဒေဝ)ကတော့ မြန်မာလူမျိုးတွေ အထင်ကြီးစရာလုပ်ရက်တစ်ခုကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ရဲ့ ချန်ပီယံ ရာထူးနှင့်အတူ မြန်မာတို့ရဲ့ လေးစားအားထားရတဲ့ သူတစ်ယောက်အဖြင့် နေထိုင်နေပြီး မြန်မာနိုင်ငံသားတစ်ဦးအဖြစ်လည်း ခံယူထားသူတစ်ယောက်ဖြစ်ပါတယ်။       ဒေဝကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဖိုက်တာတွေဖြစ်တဲ့ အောင်လအန်ဆန်း၊ ဖိုးသော်နှင့်အခြားနိုင်ငံကျော်အနုပညာရှင်များစွာရဲ့ အားပေးမှုများစွာကိုလည်း ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမြန်မာ့လက်ဝှေ့သင်တန်းကျောင်းကို “NOMAD” လက်ဝှေ့နာမည်ဖြင့် ဦးစီးဖွင့်လှစ်ထားကြောင်း သိရပါတယ်။       မြန်မာ့ရိုးရာတွေကို စိတ်ဝင်တစားလေ့လာနေပြီး ပရိသတ်ချစ်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ရန်ကြိုးစားနေကြောင်း သိရပါတယ်။ မြန်မာ့ရိုးရာ ဝတ်စုံကို အမြဲလိုလိုဝတ်ဆင်လာပြီး မြန်မာ့ယဉ်ကျေးမှုတိုင်းကိုလည်း လေ့လာသင်ယူနေကြောင်း တွေ့ရပါတယ်။ လက်ရှိမြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝရဲ့ မြန်မာ့ခံယူမှု ဓာတ်ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။  
Complete Reading
Create Account
Log In Your Account