ရှယ်ပေးကြပါ FACEBOOK သုံးသူတိုင်း သိထားသင့်တဲ့ ၆၆( ဃ ) ပြစ်မှု

၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ (က) ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် (သို့မဟုတ်) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေ ပြောင်းလဲခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်း။ (ခ) ဆက်သွယ်ရေးကွန်ယက်ကို ထိခိုက်စေရန် ဗိုင်းရပ်စ် (သို့မဟုတ်) အခြားနည်းနဲ့ ဝင်ရောက်စေခြင်း။ (ဂ) ဆက်သွယ်ရေးကွန်ယက်ကို သုံး၍ ငွေကြေးနဲ့ပစ္စည်းကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း (သို့မဟုတ်) အကျိုးပျက်စေခြင်း။ (ဃ) ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီး လူတစ်ယောက်ကို ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာ သုံးခြင်း ၊ခြိမ်းခြောက်ခြင်း
Complete Reading

မပြောမပြီး မတီးမမြည်ဖြစ်လို့ ပြောချလိုက်ပြီ မှားရင် ကြိုးစင်တက်မယ်

Comments Off on မပြောမပြီး မတီးမမြည်ဖြစ်လို့ ပြောချလိုက်ပြီ မှားရင် ကြိုးစင်တက်မယ်

မပြောမပြီး မတီးမမြည်ဖြစ်လို့ ပြောချလိုက်ပြီ မှားရင် ကြိုးစင်တက်မယ် ကျွန်မနာမည်က ခင်ရူပါလွင် ဘုတ်ပြင်း ကရသူရိ ကြား မိုင်တိုင် ၁၇၄/၄ မှာတစ်အိမ်တည်းနေပြီး MCRA/SH ရုံးဆိုင်းဘုတ် ရှိတဲ့အိမ် ကကျွန်မအိမ်ပါ။ တနသာင်္ရီတိုင်းသည် ကျွန်မမွေးရာဇာတိတိုင်းမဟုတ်ပါ ကျွန်မက ကြို့ပင်ကောက်သူ စစ်စစ်ဖြစ်ပါသည်။ ကျွန်မ တနသာင်္ရီတိုင်း ကိုရောက်တာ (၇)နှစ်ရှိပါပြီ..မှု့ခင်းထဲဝင်တာ ၂ နှစ်ပြည့်ပါပြီ ။ကျွန်မ တာဝန်ထမ်းဆောင်စဉ် ဌာနဆိုင်ရာ များအမြင်မကြည်ခြင်း၊ ကြေးနန်း အမှားပေးခြင်း၊များ များစွာကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မလုံးဝမည်သူ့ကိုမှ မပြောခဲ့ပါ သက်သေအခုထိရှိပါသေးတယ် ကျွန်မမလုပ်ရက်ခဲ့ပါဘူးကျွန်မအားလုံးကိုနားလည်ပေးပါတယ်။ ကျွန်မ မကြာသေးခင်က ဆင်းရဲသားပြည်သူများအပေါ် ကုမ္မဏီတစ်ခု၏ နိုင်ထက်ပိုင်းမှု့ကို မခံချင်​လွန်းလို့ ရန်ဖြစ်ခဲ့ရာ လူအယောက်၂၀ သံတုတ်များ ပါလာတာကြောင့် ကျွန်မခေါင်းထိသွားခဲ့ပါတယ် ။ အဲဒိအဖြစ်ပျက်အားပြန်ပြောရင် အဲဒိလူတွေထောင်ကျလား? တစ်ယောက်မှမကျပါဘူး…ငွေနဲ့ဘဲဆုံးဖြတ်
Complete Reading

အစ္စဏီ့ရုံးချိန်းအပြီး ပဟေဠိဆန်တဲ့စကားတစ်ခွန်းကို ပညာသားပါပါပြောဆိုခဲ့တဲ့ အစ္စဏီ့အကို ကျော်စွာ

Comments Off on အစ္စဏီ့ရုံးချိန်းအပြီး ပဟေဠိဆန်တဲ့စကားတစ်ခွန်းကို ပညာသားပါပါပြောဆိုခဲ့တဲ့ အစ္စဏီ့အကို ကျော်စွာ

ဇူလိုင် ၉ ရက်နေ့ကစစ်ဆေးသော ၉ ကြိမ်မြောက်ရုံးချိန်းတွင် မော်ဒယ်စူးရှထက် မလာရောက်၍ မစစ်ဆေးဖြစ်ခဲ့ဘဲ တရားလိုဘက်မှ ရုံးပြောင်းလျှောက်ထားခဲ့ပါတယ်။ မကြာသေးမှီကမှ အစ္စဏီ ဘက်မှ တင်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရုံးတော်မှ လက်ခံပြီး နောက်ပိုင်းမှာ စူးရှထက် ဘက်ကနေ ရုံးပြောင်းလျှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အစ္စဏီ့ဘက်ကနေလိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုကျော်စွာ က ပဟေဠိဆန်တဲ့ စကားတစ်ခွန်းကိုဆိုလိုက်ပါတယ် ။ ကိုကျော်စွာပြောလိုက်တဲ့ အဓိပ္ပာယ်အများကြီးပါဝင်နေတဲ့ အတွက် အစ္စဏီ့ကိုဝန်းရံနေကြတဲ့ ပရိသတ်တွေအတွက် ပြောဆိုမှုတွေမြင့်တက်စေခဲ့ပါတယ်။ “ရောဘတ်စန်းအောင်ရဲ့ “အနှစ်လေးဆယ်”ဆိုတဲ့စကားရပ်အပေါ်မှာ action ယူဖို့အတွက် စတင်စဉ်းစားနေပါပြီ “ဆိုတဲ့ စကားတစ်ခွန်းကို ပြောလိုက်တာကတော့ ကိုကျော်စွာပါ။ ကိုကျော်စွာပြောတဲ့စကားတစ်ခုအရ ဒီစကားဟာရုံးပြောင်းလျှောက်တဲ့ကိစ္စနဲ့ ပတ်သက်နေတာဖြစ်တယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ် ။ ယခင်ထုံးစံတွေအရ ထောင်ဒဏ်(၁၀)နှစ်အထက်ကျခံနိုင်တဲ့ ပြစ်မှုတွေကို ခရိုင်ရုံးတွေမှာသာစစ်ဆေးလေ့ရှိပါတယ်။ တရားသူကြီးရဲ့ ဝါသမ္ဘာ
Complete Reading

၈ နှစ်အရွယ် ကျောင်းသူလေး ကျောင်းဆင်းတော့ လူစိမ်းတယောက်လာခေါ်ခံရတယ်.. အမေနဲ့ကလေးကြားက ပါစ၀ပ်က ကယ်လိုက်တယ်

Comments Off on ၈ နှစ်အရွယ် ကျောင်းသူလေး ကျောင်းဆင်းတော့ လူစိမ်းတယောက်လာခေါ်ခံရတယ်.. အမေနဲ့ကလေးကြားက ပါစ၀ပ်က ကယ်လိုက်တယ်

၈ နှစ်အရွယ် ကျောင်းသူလေး ကျောင်းကအပြန် လူစိမ်းတယောက်လာရောက်ခေါ်ဆိုသောအခါ 8 နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ဟာ ကျောင်းကအပြန် လူစိမ်းတစ်ယောက်ရဲ့ လာရောက်ခေါ်ဆိုမှုကို ခံရတယ်..။ လူစိမ်းက “သမီးအမေ အိမ်မှာ တစ်ခုခုဖြစ်နေလို့ ဒီနေ့လာမကြိုနိုင်ဘူး အဲ့ဒါကြောင့် ငါလာကြိုတာ ငါနဲလိုက်ခဲ့ပါ” ဆိုပြီး ခေါ်ဆောင်ခြင်းကို ခံရတယ်..။ ခုလိုခေါ်ဆောင်မှုကို ခံလိုက်ရတဲ့ အချိန်မှာ ကောင်မလေးက ချက်ချင်းပဲ လူစိမ်းကို စကားတစ်ခွန်းပြန်မေးလိုက်ပါတယ်..။ (( Password == လှို့ဝှက်နံပါတ် )) ပြောပါတဲ့။ အဲ့လိုအမေးခံလိုက်ရတဲ့ လူစိမ်းဟာ ရုတ်တရက်ပြန် အမေးခံလိုက်ရတော့ ဘာပြောလို့ပြောရမှန်းမသိပဲ ကြောင်တောင်တောင်ဖြစ်နေတုန်းမှာပဲ ကောင်မလေးဟာ ထွက်ပြေးသွားပါတော့တယ်..။ တကယ်တော့ ကောင်မလေးနဲ့ သူ့ရဲအမေဟာ ခုလိုလာမကြိုနိုင်တဲ့ အခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ဖို့အတွက် Password ( ခြားခံလှို့ဝှက်စကား )
Complete Reading

ဝမ်းလည်းနည်း ဒေါသတွေလည်း ဖြစ်လွန်းလို့ ဒီပို့စ်ကို ကျွန်မ တင်ပါရစေ…

Comments Off on ၀မ်းလည်းနည်း ဒေါသတွေလည်း ဖြစ်လွန်းလို့ ဒီပို့စ်ကို ကျွန်မ တင်ပါရစေ…

ဝမ်းလည်းနည်း ဒေါသတွေလည်း ဖြစ်လွန်းလို့ ဒီပို့စ်ကို ကျွန်မ တင်ပါရစေ… ကျွန်​မဒီ​နေ့အဖြစ်​အပျက်​​လေးတစ်​ခုကို Post တင်​ပါ​စေ ဝမ်းလဲနည်းတယ်​​ဒေါသလဲဖြစ်​ခဲ့ရတယ်​ ကျွန်​မဒီ​နေ့လှည်းတန်းကိုပစ္စည်းသွားပို့တယ်​ လှည်းတန်းမီးပွိုင့်​မှာမီးနီ​တော့ကားရပ်​တာကျွန်​မကားကထိပ်​ဆုံးကား​ပေါ့အဲဒါနဲ့​ဘေးဘက်​ပလက်​​ဖောင်းကိုကြည့်​လိုက်​​တော့အခုပုံပါက​လေးမကို​တွေ့တယ်​​ အဲဒါနဲ့မိုးကလဲရွာ​နေတယ်​သူ​ဘေးမှာလဲထီးပါရဲ့သားနဲ့ ထီးကိုမ​ဆောင်းဘူးကျွန်​မမ​နေနိုင်​​တော့ဘူးအရမ်း​ပြောချင်​ လာတယ်​ ကိုယ့်​ရဲ့အိမ်​ထဲမှာ​ခွေး​တွေ​ကြောင်​​တွေ​တောင်​မိုးရွာ​နေရင်​​နွေး​နွေး​ထွေး​ထွေးထားတာအိမ်​ကသမီး​တွေ ကြောင်​​တွေ​ခွေး​တွေကို ကျွန်​မလို့ဂရုမစိုက်​ရင်​ ကျွန်​မ​ပြော​နေကြစကားတစ်​ခုရှိတယ်​ သူတို့မှာလဲအသက်​ရှိတယ်​လို ကျွန်​မရဲ့​ရှေ့မှာကိုယ်​ချင်းစာနာမူကင်းရင်​ အရမ်း​ဒေါသထွက်​တက်​တဲ့ ကျွန်​မရဲ့စရိုက်​တစ်​ခုပါ အဲဒါနဲ့ ဟဲ့က​လေးမမိုရွာ​နေတာ ထီး​ဆောင်းပါလား နင်​ချီးထားတဲ့ က​လေးက​ခြေ​တောက်​မှာ​တောင်​ပဲကြီးခွံတွန့်​နေပြီ​လေ လို​ပြောမိလိုက်​တယ်​ ခ​လေးကလုံးဝအိပ်​​နေတယ်​ မနိုးဘူးသနားစရာပါအဲခ​လေးမကဘာပြန်​​ပြောတယ်​မှတ်​လဲ ကိုယ့်​ရဲ့အလုပ်​ကိုကိုယ်​လုပ်​တာတဲ့ အဲဒါနဲ့ဘဲ မရိုင်းစွာပြန်​​ပြောတဲ့သူကိုကျွန်​မဓာတ်​ပုံအမိအရရိုက်​ခဲ့တယ်​ ​ ပြောချင်​တာကလူအခွင့်​အ​ရေးဆိုတာ ဒီလိုရင်​ခွင်​ပိုက်​ခ​လေး​တွေအတွက်​ မရှိ​တော့ဘူးလား နောက်​ပြီးခ​လေးသူငယ်​​စောင့်​​ရှောက်​​ရေးအဖွဲ​တွေကဘာမှမလုပ်​ကြ​တော့ဘူးလား ကျွန်​မဆိုလိုတာက ကိုယ်​တစ်​​ယောက်​ထဲ​တောင်းစားပါ ဘာဖြစ်​လို့လူမမယ်​​လေး​တွေကို ခုတုန်းလုပ်​​နေကြရတာလဲ.. ​နောက်​က​နေလုပ်​ခိုင်းတဲ့လူ​တွေကို ဘာဖြစ်​လို့အ​ရေးယူမူ​တွေမလုပ်​တာလဲဒီက​လေး​တွေရဲ့ဘဝဒီမှာတင်​ပြီးသွားကြဘီလားအခု​တော့ရှင်​လျှက်​နဲ့မနိုး​သောအိပ်​ချင်းများနဲ့အိပ်​​နေကြရတယ်​က​လေး​တွေကိုဘာ​ဆေး​တွေတိုက်​ပြီးအိပ်​ခိုင်းထားရတာလဲ ကျွန်​မစိတ်​ထဲမှာအ​တော်​​လေးစိတ်​မ​ကောင်းဖြစ်​ရပါတယ်​ သူတို့မှာလဲအသက်​နဲ့ပါကိုယ်​ထမင်းဝဘို့အတွက်​တစ်​ခြားသူတစ်​​ယောက်​အသက်​ကိုပါမသနားတာ​တော့လူမှဟုတ်​ကြ​သေးရဲ့လား ကျွန်​မဓာတ်​ပုံရိုက်​​တော့မျက်​နှာကိုကာထားတယ်​​လေသူမျက်​နှာကထန်း​နေတာဘဲပြီး​တော့ကိုယ့်​​စောက်​လုပ်​ကိုယ်​လုပ်​တာတဲ့အရမ်းကိုအကျင့်​စာရိတ္တ​တွေဘာပျက်​ပြားပြီးလူကြီးမှန်​နားမလယ်​တာဘဲကြည့်​​တော့အခုအရွယ်​မှာ​တောင်​ဒီလိုစရိုက်​​တွေရှိ​နေရင်​လူကြီးဖြစ်​တဲ့အခါ​တွေးတာကြည့်​​​ပေ​တော့ကား​ပေါ်က​နေဆင်းပြီးရိုက်​ချင်​လိုက်​တာသမီး​လေး​တွေက​မေ​မေမလုပ်​ပါနဲ့လို့​ပြော​နေ​တော့စိတ်​ကိုယ်​နည်းနည်း​လျှော့လိုက်​ပြီးမီးစိမ်း​တော့ကားလဲထွက်​ခါရှိ​သေးတယ်​ ကျွန်​မကိုလှမ်းဆဲတယ်​​ဖေလိုးမတဲ့​အော်​ငါကိုကဘာဖြစ်​လို့ရင်​ခွင်က​လေးကိုဂရုဏသက်​မိလို့ရရှိခဲ့တဲ့သင်​ခန်းစာဘဲ ဒါ​ပေမဲ့ကျွန်​မအဆဲခံရတာထက်​အသက်​က​လေးတစ်​ခုချမ်းသာရရှိရင်​​တော်​ပါဘီ ဒီပို့ကိုများများရှယ်​ယာလုပ်​​ပေးကြပါအခုလိုအဖြစ်​အပျက်​​တွေကိုအများမြင်​ဘူးကြမှာပါသက်​ဆိုင်​ရာလူကြီးများသိပါ​စေလို့ရည်​ရွယ်​ပါတယ်​ Credit – MA San
Complete Reading

အတူတူဆက်လျှောက်ကြမယ့် ဒီ အမွှာညီအစ်မ သုံးယောက်

Comments Off on အတူတူဆက်လျှောက်ကြမယ့် ဒီ အမွှာညီအစ်မ သုံးယောက်

ဘယ်လိုင်းလျှောက်လျှောက် အတူတူဆက်လျှောက်ကြမယ့် အမွှာသုံးယောက် တက္ကသိုလ်ဝင်တန်း (၁၀)တန်း စာမေးပွဲရလဒ်တွေဟာ ကျောင်းသားလူငယ်တွေရဲ့ ဘ၀ရှေ့ရေးလမ်းကြောင်း ရွေးချယ်မှုအပေါ် အဆုံးအဖြတ်ပေးလေ့ရှိပါတယ်။ ထူးခွန်ပေမယ့် မိန်းကလေးမို့ အမှတ်မမှီရင်လဲ နစ်နာတတ်ပြန်ပါတယ်။ (၁၀)တန်းစာ​မေးပွဲမှာ ဂုဏ်ထူးတွေပါဖို့ အမှတ်ကောင်းရဖို့ လိုင်းကောင်းကောင်းမှီဖို့ ကျောင်းသားအများစု ခက်ခက်ခဲခဲ ကြိုးစားရချိန်မှာ မြန်မာပြည် အထက်ပိုင်း ကျေးရွာလေးတရွာကနေ (၄)ဘာသာဂုဏ်ထူးရှင် (၃)ယောက် ဒီနှစ်မှာ ပေါ်ထွက်လာပါတယ်။ သူတို့တွေကတော့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာလေးက မသန့်ထားထားဇော်၊ မသန့်ထက်ထက်ဇော်နဲ့ မသန့်ထူးထူးဇော်ဆိုတဲ့ အမွှာညီအမ(၃)ယောက်ပါပဲ။ ထူးထူးခြားခြား (၄)ဘာသာဂုဏ်ထူး ကိုယ်စီ ထွက်ကြတဲ့ ညီအမ(၃)ယောက် မိသားစုနဲ့နေထိုင်တဲ့ ဖက်ပင်အိုင်ကျေးရွာလေးဟာဆိုရင် မြင်းခြံမြို့ကနေ (၂)နာရီလောက် လမ်းကြမ်းတဲ့ ကားလမ်းခရီးနဲ့ သွားရပါတယ်။ သူတို့အမွှာညီအမ ၃ ​ယောက်​စလုံးဟာ ဖက်​ပင်​အိုင်​​ကျေးရွာမှာ ၈ တန်းအထိပညာသင်​ကြားခဲ့​ပြီး၊ မြင်းခြံ
Complete Reading

ထူးချွန်ကျောင်းသူနှင့် ဇွဲကောင်းသော ကျောင်းသား ပညာသင်ဆုနှင့် ထောက်ပံ့ကူညီမှုများရရှိ

Comments Off on ထူးချွန်ကျောင်းသူနှင့် ဇွဲကောင်းသော ကျောင်းသား ပညာသင်ဆုနှင့် ထောက်ပံ့ကူညီမှုများရရှိ

စာမေးပွဲဖြေဆိုနေစဉ် မိခင်သေဆုံးခဲ့သော်လည်း ခြောက်ဘာသာ ဂုဏ်ထူးထွက်သော ကျောင်းသူနှင့် စားပွဲထိုးလုပ်ကိုင် ရင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုသော်လည်း မအောင်မြင်သော ကျောင်းသားတို့ ပညာသင်ဆုနှင့် ထောက်ပံ့ကူညီမှု အသီးသီးရရှိ သည်။ ၎င်းတို့အကြောင်း 7Day Daily သတင်းစာနှင့် 7Day News ဂျာနယ်တွင် ဖော်ပြပြီးနောက် ကုမ္ပဏီတစ်ခုနှင့် သူငယ်ချင်းတစ် စုက ပညာသင်ဆုနှင့် ထောက်ပံ့ ကူညီမှုများ ပြုလုပ်ခဲ့သည်။ ဇွန်လ ၂ ရက်က ထုတ်ပြန်သော ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် စာမေးပွဲဖြေဆိုနေစဉ် မိခင်သေဆုံးခဲ့သော်လည်း ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သည့် မန္တလေးမြို့မှ မအိရတနာမိုးအကြောင်းကို ဇွန်လ ၃ ရက်ထုတ် 7Day Daily သတင်းစာတွင် ‘အမေ့ကို ပြေးပြောချင်လိုက်တာ’ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ ထို့နောက် Bella Cosmetic
Complete Reading

မန္တလေးတွင် မူးယစ်ဆေးရောင်းချသူများ၏ ကျူးကျော်တဲများ ရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး

Comments Off on မန္တလေးတွင် မူးယစ်ဆေးရောင်းချသူများ၏ ကျူးကျော်တဲများ ရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး

မန္တလေးတွင် မူးယစ်ဆေးရောင်းချသူများ၏ ကျူးကျော်တဲများ ရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး မန္တလေး၊ ဇွန် ၃ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၄၉)လမ်း၊ဇီးအုပ်ကွက်သစ်အရှေ့ဘက်ရှိမူးယစ်ဆေးရောင်းချသည့်ကျူးကျော်တဲအိမ်များအား မန္တလေးတိုင်းဒေသကြီးမူးယစ်တပ်ဖွဲ့များနှင့် စည်ပင်သာယာရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ဇွန်လ(၂)ရက်နေ့တွင် ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် တဲအိမ်တလုံးအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသည့် ဗီဒီယိုဖိုင်နှစ်ခု ပျံ့နှံ့နေခဲ့ပြီး ဗီဒီယိုသည်အဆိုပါရပ်ကွက်အတွင်း ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။ အဆိုပါ မူးယစ်ဆေးရောင်းချသုံးစွဲသည့် နေရာများကို မူးယစ်တပ်ဖွဲ့စု-၁၇၊ မန္တလေးမြောက်ပိုင်းမှ ရဲအုပ် ကျော်မြင့်ထွန်း၊ ရဲတပ်ကြပ်ကြီးရဲထွဋ်ဝင်းနှင့် မန္တလေးတောင်ပိုင်းမူးယစ်တပ်ဖွဲ့စု-၁၈မှ ရဲအုပ်ဗိုလ်ရဲတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အရှေ့ဘက်ခြမ်းမင်းသားကျူးတဲအတွင်းသို့ ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးရောင်းချသူနှစ်ဦးနှင့် အတူဘိန်းဖြူနှင့် ပင်နီစလင်အ၀ါ(၅)လုံးကို သိမ်းဆည်းရရှိခဲ့သည်။ ထို့နောက်တာဝန်ရှိသူများသည် အနီးပတ်ဝန်းကျင်ရှိ ကျူးကျော်တဲအိမ်များကို ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ရေသန့်ဘူးများ၊ ဆေးထိုးအပ်များ၊ ခဲစက္ကူများ၊ မီးခြစ်များနှင့်
Complete Reading

မူးယစ်ဆေးသယ်ပို့ဖို့ ထူးဆန်းတဲ့နည်းလမ်းကို အသုံးပြုခဲ့ကြသူများ

Comments Off on မူးယစ်ဆေးသယ်ပို့ဖို့ ထူးဆန်းတဲ့နည်းလမ်းကို အသုံးပြုခဲ့ကြသူများ

  မူးယစ်ဆေးရောင်းဝယ်သူတွေဟာ တရားမဝင်အရောင်းအဝယ်ဖြစ်ဖို့ ဘယ်နည်းမဆို အသုံးပြုကြပါတယ်။ ဒီတစ်ခါဆိုရင်တော့ ခိုငှက်ကို အသုံးပြုခဲ့ကြတာပါ။ မသိနားမလည်တဲ့ ငှက်လေးတွေကို လမ်းကြောင်းပြထားကာ မူးယစ်ဆေးတွေ သယ်ပို့ခိုင်းပြီး ငှက်လေးက အဖမ်းခံရရင်တောင် ဘာမှပြန်မပြောတတ်တဲ့ သတ္တဝါလေးတွေမို့ အတော်အသုံးကျနေကြပါတယ်။ ခိုရဲ့ ကျောပေါ်မှာ အိတ်တစ်အိတ်ကို ကပ်ပေးထားပြီး အိတ်ထဲမှာ စိတ်ကြွဆေးပြား (၂၀၀) နီးပါး ထည့်ထားခဲ့တာကို တွေ့ခဲ့ကြရပါတယ်။ အခုဖြစ်ရပ်ဟာ ကူဝိတ်နဲ့ အီရတ်ကြားမှာ ပျံသန်းသယ်ပို့နေခဲ့တဲ့ ငှက်လေးကို ရဲတွေက ဖမ်းဆီးမိခဲ့ပြီး ဆေးဝါးသယ်ပို့နေမှုကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ The Mirror သတင်းဌာနကတော့ ငှက်တွေကို တရားမဝင် မှောင်ခိုပစ္စည်းတွေ သယ်ပို့စေတာဟာ ပေါ်ပြူလာဖြစ်တိုက်ဆိုင်တာပဲလား လမ်းကြောင်းဆွဲတဲ့လူပဲ ရဲတင်းလွန်းတာလားတော့ မသိပါဘူး။ ကျောပေါ်မှာ မူးယစ်ဆေးတွေ သယ်လာတဲ့ ငှက်လေးဟာ ရဲဌာအဆောက်အဦးပေါ်ကနေ ပျံသန်းလာတာဖြစ်ပါတယ်။  
Complete Reading

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ပြောပြီ…။

Comments Off on ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ပြောပြီ…။

စစ်မှုထမ်းဟောင်းတွေအနေနဲ့ တပ်မတော်အပေါ် သစ္စာရှိကြဖို့ မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)မှာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေနဲ့ မေ ၁၆ ရက်က တွေ့ဆုံ အမှာစကားပြောရာမှာ ထည့်သွင်းပြောသွားတာပါ။ “စစ်သား တခါဖြစ်ဖူးရင် ထာဝရစစ်သား (Once a Soldier Always a Soldier) ဆိုသည့်အတိုင်း အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်မှ အငြိမ်းစားယူခဲ့ကြသည့် စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်အတွက် အင်အားစုတခုဖြစ်ပြီး မိမိတို့ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အပေါ် သစ္စာရှိရန်လိုကြောင်း၊ လက်ရှိအချိန်တွင်လည်း အငြိမ်းစားယူပြီး နိုင်ငံသားတယောက်အနေဖြင့် နိုင်ငံ၏ တိုးတက်ရေးကို တဖက်တလမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊” စစ်မှုထမ်းဟောင်းဆိုတာ တပ်မတော်ရဲ့ အရန်အင်အားဖြစ်သကဲ့သို့ နိုင်ငံတော်ရဲ့ အင်အားစုတခုဖြစ်ကြောင်း တပ်မတော်သားတိုင်းဟာ တချိန်ကျရင်
Complete Reading

Create Account



Log In Your Account