အ​မေဆဲမယ့်​အ​ပေါက်​​တွေကိုမှ လုပ်​ချင်​​နေမိတယ်ဆိုတဲ့ ​ရွှေမှုံရတီ

အ​မေဆဲမယ့်​အ​ပေါက်​​တွေကိုမှ လုပ်​ချင်​​နေမိတယ်ဆိုတဲ့ ​ရွှေမှုံရတီ

Comments Off on အ​မေဆဲမယ့်​အ​ပေါက်​​တွေကိုမှ လုပ်​ချင်​​နေမိတယ်ဆိုတဲ့ ​ရွှေမှုံရတီ

  ဆယ်ကျော်သက်အရွယ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ မင်းသမီးချောလေး ရွှေမှုံရတီကတော့ ပွင့်လင်းလွန်းတဲ့ သူမရဲ့အပြောအဆိုအနေအထိုင်တို့ကြောင့် ပရိသတ်တွေက အမြဲလိုလို စိတ်ဝင်စားစောင့်ကြည့်နေကြသူလေးဆိုရင်လည်း မမှားပါဘူး။ ရွေမှုံလေးရဲ့ထူးခြားတဲ့ ဝါသနာတစ်ခုကတော့ ခရီးတွေထွက်ပြီး Shopping ထွက်ချင်တာပဲ ဖြစ်ပါတယ်။ သုံးနိုင်သလောက်လဲ ရှာနိုင်တယ်ဆိုပေမယ့် ရွှေမှုံလေးကတော့ အမေကိုကြောက်နေရတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ရွှေမှုံက “အော် ငါနှယ် ဘာတွေဝယ်လို့ ဝယ်ချင်နေမှန်းမသိ စိတ်ထဲကနေ shopping ထွက်နေတာ နိုင်ငံစုံသွားတယ် ငါလေးရူးများရူး နေတာလားဟင် ရွှေမှုံရတီ တို့ ပိုးမသေးပါဘူး ဟယ် ရှာနေရင်း ကုန်ဖို့တွေးနေတာ အမေဆဲမယ့်အပေါက်တွေ ဟေ့” ဆိုပြီး အမေဆူမှာကြောက်တဲ့ ကလေးငယ်လေးတစ်ယောက်လို ညည်းထားတာပဲဖြစ်ပါတယ်။ မိခင်ကိုအရမ်းချစ်လွန်းတဲ့ သူမကတော့ မိခင်ကိုဘယ်လောက်ထိချစ်ကြောင်းလည်း အမြဲလိုလိုတဖွဖွပြောလေ့ရှိသူတစ်ဦးပါ။   ခရီးထွက်ပြီး ကမ္ဘာပတ်နေရရင်ကို
Complete Reading

အချက်အလက်ပေါက်ကြားမှုအတွက် သုံးစွဲသူတစ်ယောက်စီကို ဒေါ်လာ 17,500 လျော်ကြေးပေးရဖွယ်ရှိတဲ့ facebook

Comments Off on အချက်အလက်ပေါက်ကြားမှုအတွက် သုံးစွဲသူတစ်ယောက်စီကို ဒေါ်လာ 17,500 လျော်ကြေးပေးရဖွယ်ရှိတဲ့ facebook

  ကမ်းဘရစ်မှအချက်အလက်စစ်ဆေးမှုပြုလုပ်နေတဲ့အတွက် ဖေ့ဘွတ်ဟာ လောလောဆယ် ရေနွေးပူကန်ထဲစိမ်နေရတဲ့အခြေအနေရောက်နေတယ်လို့ပြောနိုင်ပါတယ် ။ ဖေ့ဘွတ်ဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ဆိုရှယ်မီဒီယာကွန်ယက်တစ်ခုဖြစ်ပြီးတော့ အခုချိန်မှာတော့အသုံးပြုသူတွေရဲ့အချက်အလက်တွေကို သေချာမထိန်းသိမ်းနိုင်တဲ့အတွက် မယုံကြည်မှုတွေ နားလည်မှုလွဲမှုတွေရှိလာတာကြောင့် အသုံးပြုသူတွေဟာ သူတို့ရဲ့အကောင့်တွေကို ဖျက်ပစ်လိုက်တဲ့အချိန်မှာတော့ ဖေ့ဘွတ်ရဲ့စတော့ဈေးကွက်ဟာ ထိုးဆင်းသွားခဲ့ပါတယ် ။ ဒီလိုထိုးဆင်းသွားတာကို သတိပြုမိတဲ့ ဖေ့ဘွတ်တည်ထောင်သူ Mark Zuckerburg ဟာ သူ့ရဲ့ကိုယ်ပိုင်အကောင့်ကနေပြီးတော့ အမှားတွေကိုဝန်ယူပြီးပေးမယ့်အကြောင်းတောင်းပန်ထားပြီး ပိုပြီးတော့ကောင်းမွန်တဲ့ ဆားဗစ်တစ်ခုတည်ဆောက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ။     “ကျွန်တော်တို့က သင်တို့ရဲ့အချက်အလက်တွေလုံခြုံစေဖို့တာဝန်ယူထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့လုံခြုံအောင်မလုပ်နိုင်တဲ့အခါမှာ သင်တို့ကိုဝန်ဆောင်မှုပေးဖို့မထိုက်တန်ပါဘူး ” လို့သူကရေးသားထားခဲ့ပါတယ် ။ “ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို နားလည်ဖို့ကျွန်တော်ကြိုးစားနေပြီးနောက်ထပ်မဖြစ်ဖို့လည်းသေချာအောင်လုပ်နေပါတယ် သတင်းကောင်းကတော့ ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေထပ်မဖြစ်အောင် အရေးကြီးတဲ့လုပ်ငန်းတွေလုပ်ဆောင်နေပါပြီ ၊ ကျွန်တော်တို့အမှားလုပ်မိခဲ့တယ်ဆိုပေမယ့်လည်း တခြားလုပ်စရာတွေရှိသေးတာကြောင့် ကျွန်တော်တို့ရှေ့ဆက်လှမ်းရမှာပဲဖြစ်တယ်” “ဖေ့ဘွတ်ကို ကျွန်တော်တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့မီဒီယာပေါ်မှာဖြစ်လာတဲ့ပြဿနာအားလုံးကိုနောက်ဆုံးနေ့အထိ ကျွန်တော်တာဝန်ယူသွားမှာဖြစ်တယ် ၊ ကျွန်တော်တို့ရဲ့အဖွဲ့အစည်း ကို
Complete Reading

ကားရှိသူ ကားမောင်းသူတိုင်းအတွက် တန်ဖိုးရှိလှတဲ့ လက်ဆောင်…. ရုတ်တရက် စက် နှိုးမရတဲ့ ပြဿနာနှင့် ချွတ်ယွင်းချက်များကို ကိုယ်တိုင် စစ်ကြည့်နည်း

Comments Off on ကားရှိသူ ကားမောင်းသူတိုင်းအတွက် တန်ဖိုးရှိလှတဲ့ လက်ဆောင်…. ရုတ်တရက် စက် နှိုးမရတဲ့ ပြဿနာနှင့် ချွတ်ယွင်းချက်များကို ကိုယ်တိုင် စစ်ကြည့်နည်း

လူတိုင်းကြုံဖူးသော ရုတ်တရက်ကားအင်ဂျင်စက် နှိုးမရသော ပြဿနာနှင့် ချွတ်ယွင်းအားနည်းချက်များကို ကိုယ်တိုင်အဖြေရှာနည်း ရှယ်ပြီသိမ်းထားပါရုတ်တရက်ကားအင်ဂျင်စက် နှိုးမရသော အခက်အခဲမျိုးကို ကား ပိုင်ရှင်တိုင်း ကြုံဖူးကြသည်။ ကား အကြောင်း အခြေခံကျကျနားလည် ထားသော ၀ါရင့်အတွေ့အကြုံရှိသူ များအတွက် ဖြေရှင်းနိုင်သော်လည်း လူငယ်များနှင့် ယာဉ်ပိုင်ရှင်အသစ် များအတွက် ကားစက်နှိုးမရသော ပြဿနာသည် ခေါင်းခဲအကြပ်ရိုက် ဖြစ်စေသော အခက်အခဲတစ်မျိုးဖြစ် ပါသည်။ သင့်ကားအင်ဂျင် စက်နှိုးသွား စေရန် ကြိုးပမ်းဆောင်ရွက်စဉ် မည် သည့်အရာများ ဖြစ်ပေါ်လာပါသ နည်း။ ချွတ်ယွင်းမှုဖြစ်ပြီး မူမမှန်သော အခြေအနေများကို လေ့လာသုံးသပ် ၍ #ကားစက်နှိုးမရသော ပြဿနာများ ၏ အဖြေကို ရှာဖွေဖော်ထုတ်နိုင်ပါ သည်။ (၁) Ignition Switch သော့ ပေါက်ထဲသို့ ကားသော့ထည့်ပြီးလှည့် ၍ ရပါသလား။
Complete Reading

ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖျောက်နည်း။

Comments Off on ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖျောက်နည်း။

ဖုန်း ပေါ်က အစင်းရာတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖျောက်နိုင်မယ့် နည်းလမ်း တွေ အများကြီး ရှိပါတယ်။ အဒီထဲမှာ အလွယ်ဆုံး နည်းလမ်းနှစ်ခု ဖော်ပြပေးလိုက်ပါတယ်။အဒီ နည်းလမ်း တွေကတော့ သွားတိုက်ဆေး နှင့် ဟင်းသီးဟင်းရွက်ဆီတွေ အသုံးပြုပြီး ဖုန်းပေါ်က အစင်းရာ တွေ အလွယ်တကူ ဖျောက်နည်းပါ။ သွားတိုက်ဆေး သွားတိုက်ဆေး အနည်းငယ်ကို ဂွမ်းစနဲ့ယူပြီး အစင်းရာထင်နေတဲ့ မှန်တစ်ဝိုက်မှာ ပွတ်ပေးရမှာပါ။ ပြီးရင် ရေအနည်းငယ်ဆွတ် ထားတဲ့ အဝတ်စလေးနဲ့ သွားတိုက်ဆေးကို ပြောင်အောင်ပြန်ပွတ်ရ မှာပါ။ ဒါဆိုရင် ဖုန်းပေါ်က အစင်းရာတွေ ပျောက်သွားပါအလိမ့်မယ်။ ဟင်းသီးဟင်းရွက်ဆီ ဟင်းသီးဟင်းရွက်ဆီ တစ်စက်၊ နှစ်စက်လောက်ကို ဖုန်းရဲ့အစင်းကြောင်းရှိတဲ့ နေရာမှာ စက်ဝိုင်းပုံ ပွတ်ပေးရမှာ ဖြစ်ပါ တယ်။ ပြီးရင် အခြောက်ခံပြီး
Complete Reading

Create Account



Log In Your Account