ရွှေ (၁) ပိသာ၊ ငွေသားကျပ် သိန်း (၃) ထောင် နဲ့ တင်တောင်းခံလိုက်ရတဲ့ သတို့သမီး
ယခုခေတ်မှာ အချစ်စစ်ရှိရုံနဲ့ ဘဝကြီးပြည့်စုံသွားတယ်ဆိုတာကလည်း 100% မမှန်ကန်တော့ပါဘူးနော်။ ဘဝတစ်လျှောက်လုံး ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ဆိုတာကလည်း အရာရာအဆင်ပြေချောမွေ့နေမှဖြစ်မှာပါ။ မိန်းကလေးရှင်ဘက်ကို ငွေနဲ့တန်ဖိုးဖြတ်ဝယ်ယူတာမဟုတ်ဘဲနဲ့ ယခင်တည်းက ဓလေ့ထုံးတမ်းစဉ်လာတွေအရ ယောက်ကျားလေးတွေဟာ မိန်းကလေးတွေကို တင်တောင်းကြရပါတယ်။ ယခုနောက်ပိုင်းမှာ ပျောက်ဆုံးသွားသလောက်ဖြစ်သွားရတဲ့ အနေအထားတွေရှိကြပေမယ့်လည်း ယခုအချိန်ထိ ကိုယ့်ချစ်သူကို မြတ်မြတ်နိုးနိုး တင်တောင်းတတ်ကြတဲ့ ချစ်သူစုံတွဲတွေလည်းရှိကြပါသေးတယ်။ ဒီထဲမှာ မောင်စိုးမြတ်ထွန်းနဲ့ မခင်ညိုလင်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။ မောင်စိုးမြတ်ထွန်းကတော့ သူချစ်ရတဲ့ ချစ်သူ မခင်ညိုလင်းကို ရွှေ (၁) ပိသာနဲ့ ငွေသား သိန်း ၃ ထောင်အပါ လာရောက်တောင်းရမ်းခဲ့တာဖြစ်ပါတယ်။ ယခုခေတ်အနေအထားအရ ရွှေ(၁) ပိသာတန်ဖိုးနဲ့ ငွေသား သိန်း (၃) ထောင်ဟာ အလွန်များတဲ့ အမောင့်ပမာဏဖြစ်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ တင်တောင်းဆိုမှုက အရမ်းဟော့ဖြစ်နေခဲ့သလို တော်တော်များများကလည်း အားကျနေတဲ့ မှတ်ချက်တွေ
Complete Reading
  အမျိုးသမီးတစ်ဦးဟာ ဖုန်းထဲမှာ ထည့်ထားတဲ့ လျို့ဝှက်ကုဒ်ကို ပြောင်းလိုက်မိတာကြောင့် သ၀န်တိုတတ်တဲ့ သူမရဲ့ လိင်တူချစ်သူက သူမကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့အကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကားပါကင်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ယင်းအဖြစ်မှာ အရိုက်ခံရသူ အမျိုးသမီးဟာ အသက်(၂၂)နှစ်အရွယ် ပင်မ်ပီလိုင် ဆိုသူဖြစ်ပြီး သူမရဲ့အဖော်ဖြစ်တဲ့ အမျိုးသမီးကတော့ အသက်(၂၅)နှစ်အရွယ် ကန်ဂျန်နာ ဆိုသူပါ။ ချစ်သူနှစ်ဦးသားဟာ ကြာသပတေးနေ့ ညဘက်မှာ အရက်သောက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကန်ဂျန်နာဟာ သူမရဲ့ စာပို့တဲ့ app ကို လျို့ဝှက်ကုဒ်ခံထားတာ တွေ့ခဲ့ရာကနေ နှစ်ဦးသား စကားများရန်ဖြစ်ခဲ့ကြတယ်လို့ ပင်မ်ပီလိုင်က ဆိုပါတယ်။ သူတို့နှစ်ယောက် ရန်ဖြစ်နေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ အခုလိုတွေ့ရပါတယ်။ အစပိုင်းမှာ ပင်မ်ပီလိုင်ဟာ စိတ်ဆိုးနေတဲ့
Complete Reading
ဝင်းနဲ့ဇော်နဲ့ အဆက်အသွယ်အမြဲရှိတဲ့ အဲဗလင်းတင်ထားတဲ့ ပို့စ်ကိုဖတ်ပြီး စိတ်မကောင်းလို့ ပြန်ရှယ်တင်ထားပေးလိုက်ပါတယ် ကျွန်မဇော်လင်းနဲ့ဝေဖြိုးဆီက မျှော်လင့်ချက်မဲ့နေတဲ့ စာတစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ဘက်ခ၀မ်အကျည်း ထောင်မှာ လွန်ခဲ့တဲ့လက သူတို့ရဲ့ သေဒဏ်ကျအခန်းဖော်တစ်ဦးကို ဆေးထိုးကွက်မျက်လိုက်ပြီးတည်းက သူတို့ဟာ စိတ်ဓါတ်ကျနေခဲ့ကြတာဖြစ်ပါတယ်။ ထိုင်းမှာ ၂၀၀၉ ခုနှစ်ကစပြီး ဘယ်အကျဉ်းသားကိုမှ ကွက်မျက်ခြင်း မပြုခဲ့တော့ပေမယ့် သေဒဏ်ဥပဒေဟာ အသက်ဝင်နေဆဲဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီအချက်ကိုမေ့လျှော့နေခဲ့ကြတယ်။ ယခု ဒီကွက်မျက်မှု့ကိုပြန်လည်ပြုလုပ်ခဲ့တာဟာာ ကောင်လေးနှစ်ယောက်ဟာ ထိတ်လန့်တုန်လှုပ်သွားစေပါတယ်။ တကယ်လို့ တရားရုံးချုပ်က သေဒဏ်ကိုအတည်ပြုခဲ့ရင် သူတို့နှစ်ဦး ဟာသေဒဏ်စီရင်ခံရဖို့သေချာသလောက်ရှိပါတယ်။ ဇော်လင်းဆီက ကျွန်မရခဲ့တဲ့စာဟာ ကျွန်မကို ၀မ်းနည်းကြေကွဲစေခဲ့ပါတယ်။ အဲ့စာက သူကျွန်မကို နောက်ဆုံးနုတ်ဆက်တဲ့စာလိုပဲ တကယ်လို့သူ့ဆီက စာမလာတော့ဘူးဆိုရင် သူဒီလောကကြီးမှာ မရှိတော့ဘူးမှတ်လိုက်ပါပေါ့။ သူက ကျွန်မကို ဒီဘ၀မှာ ကျွန်မကူညီပေးခဲ့တာတွေကို ဘာမှပြန်မလုပ်ပေးနိုင်တော့တဲ့အတွက်တောင်းပန်ပါတယ် ဒါပေမယ့် နောက်ဘ၀မှာတော့ အစ်မကြီးကိုကျေးဇူးပြန်ဆပ်ပါမယ်ပေါ့။ သူစကားတွေက
Complete Reading
သေးပေါက်ချိန်တောင်မရလိုက်တဲ့ဂျူတီတစ်ညကပေါ့… TB ခန်းထဲဖြတ်တဲ့အချိန် လူနာတစ်ယောက်ငိုနေတာတွေ့လို့”ဟာ ခင်ဗျားကလည်းဗျာ ယောက်ျားကြီးဖြစ်ပြီးဘာလို့ငိုနေရတုန်း” “ကျွန်တော်အရမ်းမောနေလို့ပါဆရာရယ် တစ်ခုခုလုပ်ပေးလို့ရမလား ဆရာတို့လည်းအရမ်းအလုပ်ရှုပ်နေတာတွေ့လို့ လာမပြောရဲလို့ပါ” တဲ့ ကိုယ်နောက်လိုက်မိတာတောင်အားနာသွားတယ် HIV positive နဲ့ TB လူနာတစ်ယောက် X-ray ကြည့်တော့ အဆုတ်နှစ်ဖက်လုံးကမွလို့ ညာဘက်အဆုတ်ထဲမှာကရေတွေ… SPO2 တိုင်းကြည့်တော့ ၇၀ ကျော်ပဲရှိတယ် အဲ့ဒါနဲ့ “ဆရာမရေ ဟိုလူနာကို အောက်စီဂျင်ပေးပေးပါ” ဆိုပြီး ဆေးတစ်လုံးသွားထိုးပေးလိုက်တယ် သူ့ကိုဆေးထိုးပေးပြီးထိုင်ခုံပြန်ရောက်တော့ ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားရတယ် တကယ်တော့ အောက်စီဂျင်ပေးရုံ ဆေးထိုးရုံနဲ့သူမောနေတာမသက်သာနိုင်မှန်းသိတယ် သူ့အဆုတ်ထဲကရေကိုဖောက်ထုတ်ပေးလိုက်မှ ဒီညသူကောင်းကောင်းအိပ်လို့ရသွားမယ် အဲ့လိုလုပ်တာကလည်းဘာမှမခက်တဲ့ကိစ္စ အလွန်ဆုံးကြာလှ ၁၅ မိနစ် မိနစ် ၂၀ ပေါ့ ဒါပေမယ့်… ကိုယ်လည်းသေမှာကြောက်တယ် လူနာက TB တင်မကဘူး HIV ကရှိသေးတယ် သူ့ကိုထားတဲ့တစ်ခန်းလုံးကလည်း TB တွေချည်းပဲ
Complete Reading
ဖျက်ဆီးခံလိုက်ရတဲ့ ဗိုလ်ချုပ်ရုပ်တု
Comments Off on ဖျက်ဆီးခံလိုက်ရတဲ့ ဗိုလ်ချုပ်ရုပ်တု
ဒေါ်အောင်ဆန်းစုကြည် စီးသည့်လေယာဉ်ကို လျှပ်စီး၊ မိုးကြိုးများထဲ ခက်ခက်ခဲခဲ မောင်းနှင်ခဲ့သူ
Comments Off on ဒေါ်အောင်ဆန်းစုကြည် စီးသည့်လေယာဉ်ကို လျှပ်စီး၊ မိုးကြိုးများထဲ ခက်ခက်ခဲခဲ မောင်းနှင်ခဲ့သူ
  လေတွေ၊ မိုးတွေ၊ လျှပ်စီးတွေ၊ မိုးကြိုးတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် စီးတဲ့ လေယာဉ်ပျံကို ခက်ခက်ခဲခဲ မောင်းနှင်ပျံသန်းပေးခဲ့သူ လေယာဉ်မှူး ဦးအောင်ပိုရဲ့ လူမှုကွန်ရက်ပေါ်က စာစုကို လိုက်ခ်လုပ်သူ ၃ဝ,ဝဝဝ ခန့်ရှိပြီး ရှယ်တဲ့သူ ၉,ဝဝဝ ခန့်ရှိခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်က ရန်ကုန်ကနေ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်တော့ သူစီးတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်ကို လေယာဉ်မှူး ဦးအောင်ပို မောင်းနှင်ခဲ့တာဖြစ်ပြီး ရာသီဥတုဆိုးလို့ ၃၅ မိနစ်စာခရီးကို ၁ နာရီကြာ မောင်းနှင်ခဲ့ရပါတယ်။နေပြည်တော်ကို လေယာဉ်ဆိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က လေယာဉ်မှူးကို ကျေးဇူးတင်တယ်လို့ တကူးတက ပြောသွားတယ်လို့လည်း လေယာဉ်မှူးရဲ့ စာစုမှာ ဖော်ပြထား ပါတယ်။ “ဒီနေ့ညနေ အမေ နေပြည်တော် ပြန်မယ်ဆိုလို့ မောင်းပို့တယ်။ တိုက်တိုက်ဆိုင်ဆိုင်
Complete Reading
ကိုရင်လေးတစ်ပါး အထုပ်ကြီးဆွဲ နေပူကျဲကျဲမှာ သွားနေတာမြင်လို့ ဘယ်ကြွမလို့လဲမေးကြည့်တော့
Comments Off on ကိုရင်လေးတစ်ပါး အထုပ်ကြီးဆွဲ နေပူကျဲကျဲမှာ သွားနေတာမြင်လို့ ဘယ်ကြွမလို့လဲမေးကြည့်တော့
ကိုရင်လေးတစ်ပါး အထုပ်ကြီးဆွဲ နေပူကျဲကျဲမှာ သွားနေတာမြင်လို့ ဘယ်ကြွမလို့လဲမေးကြည့်တော့ …… တကယ်တော့ ကျွန်တော်တို့ ကားဆရာတွေဆိုတာ ဒီနေ့ နောင်ချိုကနေ လားရှိုးအလာ သီပေါအထွက်မှာ ကိုရင်လေးတစ်ပါး အထုပ်ကြီးဆွဲရင် နေပူကျဲကျဲမှာ သွားနေတာမြင်လို့ ဘယ်ကြွမလို့လဲမေးကြည့်တော့ လားရှိုးတဲ့ အဲ့တာနဲ့တင်ခေါ်ခဲ့လိုက်တယ် ဘယ်လောက်မောနေလဲမသိဘူးကားပေါ်ရောက်တော့ ချွေးတဒီးဒီးနဲ့မို့ရေကပ်တော့ တစ်ဗူးလုံးကုန်အောင်သောက်ရှာတယ်။ မေးကြည့်တော့မှ ပလောင်ကိုရင်လေးဖြစ်ကြောင်း သူ့မယ်တော်ဆုံးလို့ ရန်ကုန်ကနေ နမ္မတူကြွလာတာဖြစ်ကြောင်းနဲ့ခရီးစရိတ်မလောက်တော့လို့ ဘာကားမှမတားရဲဘဲ ဒီလိုဘဲလျှောက်မိနေကြောင်းပြောပါတယ်.. မြောက်ပိုင်းလမ်းမှာ ဘယ်ကားတားစီးစီးရကြောင်း ဘာဘုန်းပေးပြီးပြီလဲဆိုတော့မနက်တည်းကဘာမှမစားရသေးကြောင်းပြောလို့ ကျွန်းတောထဲက နားနေကြဆိုင်လေးမှာ အာရုံဆွမ်းနဲ့ နေ့ဆွမ်းပေါင်းကပ်လိုက်တယ် အားရပါးရဘုန်းပေးနေတဲ့ကိုရင်လေးကိုကြည့်ရင်း ကျွန်တော်တို့ဝမ်းသာပီတိဖြစ်မိတယ် လားရှိုးရောက်မှ ဆိုင်ကယ်ကယ်ရီနဲ့ နမ္မတူကားဂိတ်ပို့ခိုင်းလိုက်တယ် သေချာပို့ပေးဖို့မှာရင်း ကျွန်တော်တတ်နိုင်သလောက် အလှူငွေကပ်ခဲ့တယ် ဘဝအမောတွေပြေပျောက်ပါစေဗျာ တကယ်တော့ ကျွန်တော်တို့ကားဆရာတွေဆိုတာ မနက်ခင်းကျောင်းသားလေးတွေတားလည်းတင်ခဲ့တယ်… ဆရာမတွေ ကျောင်းသွားကျောင်းပြန်တားလည်းတင်ခဲ့တယ်… ဦးဇင်းတွေမနက်ခင်းဆွမ်းခံထွက် တားလည်းတင်ပေးတဲ့ ချစ်စရာအကောင်းဆုံး
Complete Reading
မြန်မာ ဇာတိသွေး ဇာတိမာန် အစစ်ကို ထိုင်းနိုင်ငံမှာ ပြသလိုက်တဲ့ မြန်မာ အမျိုးသမီး မဆုရီ
Comments Off on မြန်မာ ဇာတိသွေး ဇာတိမာန် အစစ်ကို ထိုင်းနိုင်ငံမှာ ပြသလိုက်တဲ့ မြန်မာ အမျိုးသမီး မဆုရီ
ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင် ကော့စမွီမြို့နယ်က ဟိုတယ်သန့်ရှင်းရေး မြန်မာ အမျိုးသမီး ၁ ဦးဟာ နိုင်ငံခြားငွေပါတဲ့ ဘူး ၁ ဘူးကောက်ရပြီး ပိုင်ရှင်ကိုပြန်အပ်ခဲ့တယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဆုရီ လို့ခေါ်တဲ့ မြန်မာအမျိုးသမီးဟာ ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက်တွင်းရှိ အက်ခ်ဘားဘိခ်ျရီးဆော့တ် ဟိုတယ်က သန့်ရှင်းရေးအလုပ်သမား ၁ ဦးဖြစ်ပြီး မနေ့ညက ဟိုတယ်သန့်ရှင်းရေးလုပ်ရင်း လှေကားအောက်စားပွဲခုံပေါ်မှာ ငွေတွေပါတဲ့ အစိမ်းရောင်ဘူး ၁ ဘူးကောက်ရလို့ ပိုင်ရှင်ကိုပြန်ပေးဖို့ ဟိုတယ်ကောင်တာမှာ လာအပ်ထားကြောင်း ဟိုတယ်ပိုင်ရှင်က ကော်စမွီရဲစခန်းတာဝန်ကျ ဒုရဲအုပ်ကို ပြောပါတယ်။ ဟိုတယ်ပိုင်ရှင်က ဘူးကိုဖွင့်ကြည့်ရာမှာ သြစတြေးလျငွေ ၁၁၀၀၀ ဒေါ်လာ (ထိုင်းငွေဘတ် ၂ သိန်း ၈ သောင်းခန့် တန်ဖိုးရှိ) ကို တွေ့ရပြီး ဘူးပိုင်ရှင်ကို စီစီကင်မရာကနေ ရှာဖွေခဲ့ကြောင်း၊
Complete Reading
ပန်​ဆယ်​လို ​မွေးစားလိုက်​တဲ့ သင်္ချိုင်းကုန်းမှာ ချက်ကြိုးတန်းလန်းနဲ့ လာပစ်သွားတဲ့ ကလေးလေး
Comments Off on ပန်​ဆယ်​လို ​မွေးစားလိုက်​တဲ့ သင်္ချိုင်းကုန်းမှာ ချက်ကြိုးတန်းလန်းနဲ့ လာပစ်သွားတဲ့ ကလေးလေး
“ဒီနေ့ ဝမ်းမနာသမီးလေးတစ်ယောက် ရလာလေရဲ့။ Cover Photo ငှားရမ်းခငွေထဲက အလှူလေးလုပ်မယ်စဉ်းစားတော့ ဖဒိုမြို့က စိုးထိုက်တို့အနာဂတ်ကြယ်ပွင့်လေးများဂေဟာကို နို့မှုန့်ဘူးတစ်သိန်းဖိုးလောက် လှူမယ်လို့ စဉ်းစားထားတယ်။ ဒီနေ့ ပဲခူးရိုးမဘုန်းတော်ကြီးသင်ပညာရေးကျောင်းကအလှူအပြီး ဖဒိုကို ဝင်ဖြစ်တယ်။ ဂေဟာထဲ ဝင်လိုက်တာနဲ့ ကလေးငိုသံတအဲ့အဲ့လေးတွေကြား ကိုယ့်အတွက် အထူးအဆန်းလေးဖြစ်သွားတာတစ်ခုသွားတွေ့တယ်။   ကလေး သေးသေးလေး… အနှီးထုတ်လက်စလေးထဲမှာအတော်သေးသေးလေးမှန်း သတိထားမိတယ်။ နီတာရဲလေး… မျက်နှာလေးက ရဲတွတ်လို့။ ဘယ်နှရက်သားလေးလဲမေးတော့ ဒီနေ့မှ ခြောက်ရက်တဲ့။ သမီးလေးတဲ့။ ကလေးလေးက လစေ့ဟန်လည်း မတူဘူး။ ပေါင်ပြည့်ဟန်လည်း မတူဘူး။   ဘယ်က ရောက်လာတာလဲ…. single mom တွေကပဲမွေးတာလားလို့ မေးတော့ မဟုတ်ဘူးတဲ့။ သင်္ချိုင်းကုန်းမှာ ချက်ကြိုးတန်းလန်းနဲ့ လာပစ်သွားတာတဲ့။ ငိုသံကြားတဲ့ အဒေါ်ကြီးက သရဲခြောက်တယ်မှတ်ပြီးသွားမခေါ်ရဲ။ ဂေဟာကလူတွေကို လာအကြောင်းကြားမှသွားခေါ်ရတာတဲ့။ ပုရွတ်ဆိတ်တွေတောင်
Complete Reading
ကျပ်သိန်းပေါင်း ၂၀၀ ကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းထုတ်ကြီး ကောက်ရတဲ့ ကိုအောင်သူ၏ ဖြစ်ရပ်
Comments Off on ကျပ်သိန်းပေါင်း ၂၀၀ ကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းထုတ်ကြီး ကောက်ရတဲ့ ကိုအောင်သူ၏ ဖြစ်ရပ်
မနေ့က ၁၈ . ၇ .၂၀၁၈ နေ့လည် ၃း၁၅ မိနစ်ခန့်က ဝိုင်းအတွင်းဂျာနယ်ရောင်းချသူ ကိုအောင်သူမှ – ကျောက်စိမ်းပွင့်၁၄ပွင့်ပါ ဆွဲကြိုး (၁) ကုံး / ကျောက်စိမ်းအရေပွင့်လက်စွပ် (၂) ကွင်း / ကျောက်စိမ်းအလွတ်ပွင့် (၂) ပွင့် / ကျောက်စိမ်တစ်စ. (၅) စ / ကာလတန်ဖိုးစုစုပေါင်း သိန်း(၂၀၀)ကျော်ခန့် ပါရှိသော သရေအိတ်၁လုံးအား ဖြူစင်ရိုးသားစွာ ဖွင့်ဖောက်ကြည့်ခြင်းမရှိပဲ အကျိုးတော်ဆောင်ရုံးသို့ လာရောက်အပ်နှံခဲ့ပြီး နေ့လည် ၃း၃၀ မိနစ်တွင် ကျောက်ထုပ်ကျပျောက်သူပိုင်ရှင် ကိုအောင်အောင်မှရုံးသို့လာရောက်မေးမြန်းခဲ့ရာ ၄င်းပစ္စည်းများမှန်ကန်သဖြင့် အကျိုးတော်ဆောင်ရုံးမှ ကျောက်ထုပ်ကောက်ရသူ ကိုအောင်သူ(ဂျာနယ်ရောင်းသူ)အား ခေါ်ယူ၍ ကျောက်ပိုင်ရှင်မှ ကိုအောင်သူအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ကိုအောင်သူကိုယ်တိုင် ကျောက်ပိုင်ရှင်ကိုအောင်အောင်အား သိန်း(၂၀၀)သိန်းနှစ်ရာကျပ်တန်ဖိုးရှိကျောက်ပစ္စည်းများ ကိုယ်တိုင်ပြန်လည်ပေးအပ်ခဲ့ပါသည်။ ရိုးသားဖြူစင်လွန်းသည့် ဂျာနယ်ရောင်းသမားလေးကိုအောင်သူအား
Complete Reading
Create Account
Log In Your Account