ရေကာတာကျိုးပေါက်နိုင်၍ အရေးပေါ်ကြေညာချက် ထုတ်

မဒေါက်မြို့ ရေကာတာကျိုးပေါက်နိုင်၍ အရေးပေါ်ကြေညာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့မှာ စစ်တောင်းရေကာတာ ကျိုးပေါက်နိုင်တာကြောင့် ဇူလိုင် ၂၈ ရက် ညနေပိုင်းက အရေးပေါ်ကြေညာထားပါတယ်။ ရေကာတာနဲ့ အရမ်းနီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ရွှေငွေပစ္စည်းတွေကို အဆင်သင့်သိမ်းထားနိုင်အောင်၊ ကလေးတွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေ အဆင်သင့်ဖြစ်အောင် နှိုးဆော်ထားတာလို့ မဒေါက်မြို့ အုပ်ချုပ်ရေးမှူး ဦးနေဇာမျိုးက ဒီဗွီဘီကို ပြောပါတယ်။ “အခုအခြေအနေက မြို့တွင်းမှာတော့ ရေက အောက်ကိုဆင်းနေတယ်။။ မြို့မ ၁ ဘက်မှာတော့ ရေကျော်ကျတာတော့ မရှိသေးဘူး။ ဆည်မြောင်း AE လည်း ရောက်နေပါပြီ။ သူတို့ကတော့ သူတို့အလုပ်သမားတွေနဲ့ အမြဲစောင့်ကြည့်နေပါတယ်။ ကျိုးပေါက်တာတွေရှိခဲ့ရင် သူတို့ဘက်က ပစ္စည်းပစ္စယတွေ ပေးမယ်၊ ကျနော်တို့ဘက်က လူအင်အားပေးဖို့ အဲ့တာတွေ ခုဆွေးနွေးနေပါတယ်။” ရေကာတာရဲ့ တချို့နေရာတွေမှာ ရေကျော်နေတာတွေ
Complete Reading

ဘားအံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံအား အမျိုးသမီးတစ်ဦးက တိုင်စာပေးအပ်မှု ဖြစ်ပွား သထုံ ဇူလိုင် ၂၈ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဘားအံ ရေဘေးသင့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးခရီးစဉ်တွင် လုံခြုံရေးများ တားဆီးသည့်ကြားမှ အတင်းတိုးဝှေ့၍ တိုင်ကြားစာတစ်စောင်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သထုံမြို့၊ နန်းခဲရပ်ကွက်နေ ဒေါ်မိုးသီတာအောင် (စက်ချုပ်)က ပြောသည်။ “အမေ့ကို ကျွန်မချစ်တယ်။ ယုံကြည်တယ်။ လေးစားတယ်။အားကိုးတယ်။ ကျွန်မ မကြောက်ဘူး။ အမေ့ကိုယ်ရံတော်တွေကို ကျွန်မ နားလည်ပေးပါတယ်၊ အမေ့လုံခြုံရေးဆိုတာ။ ကျွန်မကလည်း အမေကလွဲရင် အားကိုးစရာမရှိတော့ဘူး။ ကျွန်မတို့ အောက်ခြေပြည်သူတွေမှာ မတရားနှိပ်စက်ဖိနှိပ်ခံရမှုတွေ ရှိနေတယ်။ ဒီအတွက် အားကိုးစရာ အမေပဲရှိတာမို့ အဲဒီတိုင်စာကို အမေ့လက်ထဲအရောက်ပို့တာပါ”ဟု ကာယကံရှင် ဒေါ်မိုးသီတာအောင်က ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံသည် ဇူလိုင်လ ၂၆
Complete Reading

ရေဘေးအန္တာရာယ်ကျရောက်နေသော မွန်ပြည်နယ်အတွက် သတင်းကောင်း ရေဘေးကြောင့် သွားရေးလာရေးမခက်စေရန် လေယာဉ် ဖြင့် ခရီးစဉ်ပြေးဆွဲပေးမည်ဟု မွန်ပြည်နယ်အစိုးရကြေညာ မော်လမြိုင်၊ဇူလိုင်၂၈ မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားနေပါ၍ ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီပိတ်ထားခဲ့ပြီး ခရီးသွားပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ( တနင်္လာနေ့) နေ့လယ်အချိန်တွင် Myanmar National Airline မှ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ်အား ပြေးဆွဲပေးမည်ဟု မွန်ပြည်နယ်အစိုးရ ကကြေညာသည်။ ခရီးသွားပြည်သူမှ လေယာဉ်လက်မှတ်များကို အောက်ဖော်ပြပါ လေယာဉ်လက်မှတ်အရောင်းဌာန၏ ဖုန်းနံပါတ်များသို့ ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်းနှင့် ရန်ကုန်မှ မော်လမြိုင်မြို့သို့ လာရောက်မည့် ခရီးသွားမိဘပြည်သူများအနေဖြင့်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ
Complete Reading

တာပေါ် ရေကျော်ပြီ … သတိထားကြပါ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ခလရ ၂ က တပ်မတော်သား ၇ ဦး ရေထဲမျောပါသွား။ ၄ ဦးကယ်တင် ရရှိပြီး ၃ ဦးပျောက်ဆုံးနေ.. သထုံ- ဘီလင်း ရေကျော် ရှေ့လည်း သွားမရ.. နောက်လည်း သွားမရတော့ ဘီးလင်းမြို့ လမ်းရေကျော်နေတဲ့ နေရာမှာ ဖြတ်ကူးသွားတဲ့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ခလရ ၂ က တပ်မတော်သား ၇ ဦး ရေထဲမျောပါသွား။ ၄ ဦးကယ်တင် ရရှိပြီး ၃ ဦးပျောက်ဆုံးနေ။   ခဏက Live လွှင့်တဲ့နေရာပါ။ မှတ်မှတ်ရရ သူတို့ကို ကိုယ်တောင် ဓါတ်ပုံရိုက်လိုက်သေးတယ်။ ကူးနေတဲ့ အချိန်မှာလဲ အန္တရာယ်များလို့ ကိုယ်တောင် ဓါတ်ပုံဆွဲ ရိုက်လိုက်သေးတယ်။
Complete Reading

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင် မြေပြိုမှုဆက်တိုက်ဖြစ်ပေါ် ၂၆-၇-၂၀၁၈ ရက်နေ့  ည ၁၂ နာရီ အချိန်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုး ရင်ပြင်တော်လမ်းဆုံကားဂိတ် ကုန်တင်ကုန်ချအလုပ်သမားရုံး အနောက်ဘက် (ဦးရဲပိန် ဆိုင်၏ နောက်ဘက်တည့်တည့်)တောင်စောင်းတွင် အလျား ၃၀၀ ပေ အနံ ၂၀ ပေ မြေသားထု ၃ ပေ ခန့်  လည်းကောင်း ၂၇-၇-၂၀၁၈ ရက်နေ့  နံနက် ၁၂ ၃၀ နာရီအချိန်ခန့် တွင် ကျိုက်ထီးရိုးရင်ပြင်ကျီးပါးစပ်လမ်း သွားရာလမ်း ရေတံခွန် လမ်း အနီးရှိ (ရှမ်းလေး ) အကြော်စုံဆိုင် အနောက်ဘက်နှင့်ဦးစိန်ဝင်း ကွမ်းယာဆိုင် ၏ အနောက်ဘက်ရှိ တောင်ကမ်းပါးယံမြေစိုင် မြေသားအလျား ပေ (၇၀၀ )
Complete Reading

ဘယ်တော့မှဒေါ်အောင်ဆန်းစုကြည်ကိုမခန့်မှန်းနဲ့ ရူးသွားမယ်ဆိုတဲ့စကားဟာ အလကားထွက်လာတာမဟုတ်ပါဘူး အရင်ကဒေါ်အောင်ဆန်းစုကြည်ကိုမခန့်မှန်းနဲ့ ရူးတောင်သွားအုံးမယ်ဆိုတဲ့ စကားကအလကားထွက်လာတဲ့စကားလို့ ထင်ခဲ့မိတာ ကိုယ်တွေကနိုင်ငံရေးအကြောင်းသိပ်ပြီးမသိခဲ့ပေမဲ့ အမေစုကိုယုံကြည်ပြီး လက်သန်းလေးကို အမေအတွက်မှင်စွန်းပေးခဲ့မိတယ်။ မှင်စွန်းသွားတဲ့လက်သန်းလေးကရုပ်ဆိုးပြီးမလှမပဖြစ်သွားခဲ့ပေမဲ့ အမေစုရဲ့နိုင်ငံရေးကစားကွက်လေးကလှပခဲ့တယ် ကိုယ့်အကြိုက်ဆုံးကစားကွက်တွေအများကြီးထဲကမှ အကြိုက်ဆုံးကစားကွက်တွေပဲထုတ်နှုတ်ပြီးတင်စားဗျဇေ။ (၁) ခြေဥကြီးရဲ့ဖွဲ့စည်းပုံကြောင့်သမ္မတဖြစ်ခွင့်မရှိပေမဲ့ NLDပါတီသာမဲအများဆုံးရလဒ်နဲ့အောင်မြင်ခဲ့ပြီး အစိုးရအသစ်ဖွဲ့နိုင်ပြီဆို သမ္မတအထက်မှာ ကျမရှိမယ်ဆိုပြီး ရဲရဲဝံဝံနဲ့ပွင့်ပွင့်လင်းလင်းပြောပြီးမှ သမ္မတအကြံပေးပုဂ္ဂိုလ်ဆိုတဲ့ရာထူးနေရာကို ဘယ်သူတွေကန့်ကွက်နေပါစေ ခြေဥကြီးကိုကိုယ့်ရှူးကိုယ်ပြန်ပတ်အောင် ပညာပေးလိုက်တဲ့ နံပါတ်တစ်ကစားကွက် (၂) သမ္မတအထက်လဲရောက်ရော ပထမသမ္မတကြီးဦးထင်ကျော်ကို အရူးကွက်ထပ်နင်းခိုင်းလိုက်တယ်။အဲ့အချိန်တုန်းကပြည်သူတွေစိတ်ထဲမှာသမ္မတကြီးကိုရုပ်သေးရုပ်တရုပ်ဆိုပြီးအပြစ်မြင်ကျသလိုအားမလိုအားမရဖြစ်ခဲ့ကြတယ်။နိုင်ငံရေးကစားကွက်ကျွမ်းကျင်တဲ့အမေစုက သမ္မတကြီးကို၂နှစ်လောက်ပဲ ကြိတ်မှိတ်နေခိုင်းရှာတယ်လို့ပဲထင်မိပါတယ်။အဲ့ဒီ၂နှစ်ကာလအတောအတွင်းမှာ နောက်သမ္မတလောင်းတယောက်ကို အခြေခံကစပြီးလေ့လာခိုင်းလိုက်တယ်။ ၂နှစ်လဲပြည့်ရောပြူံးစားကြီးအကြောင်းပြချက်လှလှလေးနဲ့အေးအေးဆေးဆေးလေးရာထူးနားပေးပြီး ၂နှစ်ဆိုတဲ့ကာလတခုထိအခြေခံအောက်ခြေကနေပညာသင်၊လုံလောက်တဲ့လေ့လာမူတွေနဲ့ပြည့်စုံလာတဲ့ လွှတ်တော်ဥက္ကဌကြီးကို သမ္မတအဖြစ်အများယုံကြည်လက်ခံတဲ့ သမ္မတအဖြစ်မွေးထုတ်ပေးလိုက်တယ်။ (၃) သမ္မတအသစ်လဲတက်လာရော ဘယ်နှစ်ရက်မျမရှိသေးဘူး။အရင်မိုးကျကိုယ်တော်တွေကို အကြောင်းတခုပြီးတခုနဲ့ တရားစွဲ၊ရာထူးရပ်ဆိုင်းနဲ့ပြည်သူတွေမျှော်လင့်နေတဲ့အုပ်ချုပ်သူအစစ်အမှန်ကိုမွေးထုတ်ပေးခဲ့တယ်။အခုလဲကြည့်ပါအုံး ဗီယက်နမ်ချစ်ကြည်ရေးခရီးစဉ်မှာ အမေဝတ်တဲ့အကျီအဆင်လေးကိုကြည့်ပါအုံး။ ကချင်မိတ်ဝမ်းဆက်လေး ကမ္ဘာ့မီဒီယာတွေနဲ့ကမ္ဘာ့နိုင်ငံအသီးသီးကအာရုံစိုက်နေတဲ့ခရီးစဉ်မှာ ကချင်တိုင်းရင်းသားတွေရဲ့အလေးထားမြတ်နိုးထားတန်ဖိုးထားဝတ်ဆင်တဲ့ အဝတ်အစားကိုဝတ်ပြလိုက်တော့ မကြာသေးခင်အချိန်လေးမှကချင်နဲ့မြန်မာတပ်မတော်ရဲ့စစ်ပွဲတွေကို ကမ္ဘာ့အလယ်ကိုချပြလိုက်တဲ့ ကစားကွက်လေး ကချင်ကပဲမတရားခံရတာလား?
Complete Reading

ဖာကန့်မြေပြိုမှုမှ မြေပိသေဆုံးသူများ၏အလောင်းများ ရေပေါ်ပေါ်လာ ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့သော မမုံကျေးရွာအနီး မြေကမ်းပါးပြိုမှု ဖြစ်ပွားခဲ့ပြီး မမုံကျေးရွာ ၊ ဖားပြင်ကျေးရွာ ၊ မက်လင်ချောင်ကျေးရွာ အစရှိသည့်ကျေးရွာများမှ ရေမဆေးကျောက်ရှာဖွေသူ (၂၇) ဦးဝန်းကျင်သေဆုံးသွားခဲ့သည်။ သေဆုံးသူများကို ဇူလိုင် ၂၅ ရက်တွင် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၂၆ ရက် ညနေ ၄:၃၀ ချိန်ခန့်တွင် မြေပိသေဆုံးအလောင်း (၁၀) လောင်း ရေပေါ်ပေါ်လာကြောင်း ဖားပြင်ကျေးရွာက လူမှုညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။ “နောက်ထပ်လဲ ပေါ်လာနိုင်တယ်လို့ပြောပါတယ်။ (၅) လောင်းကတော့ ပိုင်ရှင်သိရပြီး ကျန် ငါးလောင်းကတော့ ပိုင်ရှိမရှိဘူး”ဟု ပြောသည်။ ဇော်မိုးထက်(ဖားကန့်) ဖာကန့်မြေပြိုမှုမှ
Complete Reading

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာရှိ နေအိမ်တစ်ခုကို သက်ဆိုင်ရာက သတင်းအရဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ တရားခံအမျိုးသမီးက ရဲမေအား သနပ်ခါးတုံးဖြင့် ထုနှက်ခဲ့ကြောင်း သိရှိရသည်။ သတင်းအရ သက်ဆိုင်ရာမှ ညီအစ်မနှစ်ဦးဖြစ်သော မတင်တင်မိုး နှင့် မခင်စန္ဒာမိုး တို့၏နေအိမ်သို့ သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ မတင်တင်မိုး၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် လွှမ်းခြုံထားသော အင်္ကျီအိပ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင် ၇၄ ပြားနှင့် WY စာတန်းပါ အစိမ်းရောင် ၂ ပြားတို့အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးရန်ကြိုးစားစဉ် တိုင်းရဲမေတစ်ဦးအား သနပ်ခါးတုံးဖြင့် ထုရိုက်ခဲ့သည်။ သက်ဆိုင်ရာက အသွင်ယူကာ ဖမ်းဆီးခဲ့ဟန်တူပြီး မတင်တင်မိုးတို့ ညီအစ်မနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ရာ ဗီဒီယိုတွင် သူမအား ထောင်ချောက်ဆင်ဖမ်းသည်ဟု ပြန်လည်စွပ်စွဲခဲ့တာကိုလည်း
Complete Reading

၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဖုန်းဝယ်ပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့် ၁၄ နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို ဖုန်းဝယ်ပေးမည်ဟု မက်လုံးပေး လီဆယ်ပြောဆိုပြီး အငှားယာဉ်ဖြင့် နေအိမ်သို့ ခေါ်ဆောင်၍ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် လူငယ်လေးဦးကို ဇူလိုင်လ ၂၅ ရက် ညနေပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ လူငယ်လေးဦး၏ သားမယားအဖြစ် ပြုကျင့်မှုကိုခံခဲ့ရသည့် မိန်းကလေးမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဇူလိုင်လ ၂၃ ရက် ည ၈ နာရီက နေအိမ်မှ တစ်ဦးတည်း အပြင်ထွက်လာစဉ် လူငယ်နှစ်ဦးက နောက်မှလိုက်လာပြီး စကားပြောခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့သုံးဦး အအေးဆိုင်တစ်ဆိုင်တွင်အတူ ထိုင်စကားပြောခဲ့ကြပြီးနောက် မိန်းကလေးက လက်ကိုင်ဖုန်းတစ်လုံး လိုချင်သည်ဟု လူငယ်နှစ်ဦးကို ပြောဆိုခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ
Complete Reading

ဒီနေ့ကားလေသွားထိုးတာ။ ဘေးမှာ ဓါတ်တိုင်တွေပြင်နေလို့ စိတ်ထဲမှာတော့ ကားထဲထိုင်ပြီး ကိုယ့်အပေါ်တည့်တည့်ဆိုတော့ ကြောက်နေယုံဘဲရှိသေးတယ် ဖုံးးးး ဆိုပြီး အလင်းအဖြူအကြီးကြီး ကိုယ်ရှေ့တည့်တည့်မှာအသံရော အလင်းရော 😱😱😱😱 လေထိုးဆိုင်က အမကားထဲကထွက် ကားထဲကထွက်ဆိုပြီး အတင်းအော်တော့မှ ကြောင်ပြီး ကားတံခါးတောင်မပိတ်ဘဲထွက်ပြေးတာ။ ဘေးက အကိုကားရွေ့ထားဆိုတော့ ယောင်္ကျားလည်းကြောက်ကြောက်နဲ့ လွတ်ရာအတင်းရွေ့လိုက်ရတယ်။ ကိုယ့်မှာတုန်နေတာဆိုတာတစ်ယောက်ထဲ။ ပြီးမှ ဓါတ်တိုင်အောက်တည့်တည့်မှာ လူတစ်ယောက်ကခွေခွေလေးရယ် အော်နေတာ သူတစ်ကိုယ်လုံးလဲ အဝတ်အစားမီးကျွမ်းသလိုဖြစ်နေတာ။ 😡😡မှားပြီး မီးလွှတ်မိတာတဲ့လေ။ ဘယ်လောက်တောင်ပေါဆလိုက်သလဲဆိုတာ😡😡 သူကအပေါ်ထိပ်ဆုံးကကျတာမဟုတ်ဘဲ အောက်ဆင်းနေတဲ့အချိန်ဆိုတော direct ဓါတ်လိုက်တာမဟုတ်ဘဲ (၃) ပေအကွာကနေကျပေမယ့် 33KV အားဆိုတော့ လွှင့်ထွက်သွားတာ။   ကိုယ့်ရှေ့တည့်တည့်ဖြစ်တာဆိုတော့ ရင့်ထဲအောင့်ပြီး ဘုရားစာတွေဆိုနေတာ သေမှာဆိုးလို့ ဆေးရုံကအဒေါ်ကိုလည်းဖုန်းဆက်မေး / တော်သေးတယ် နောက်ဆုံးသတင်းရတာတော့ စကားတော့ပြောပြီးပြောတယ်။ သနားတတ်တဲ့ကိုယ့်ယောင်္ကျား အဲနားမှာကျန်တဲ့ ကလေးတွေကို
Complete Reading

Create Account



Log In Your Account