ဘုရားရှင် ဘာကြောင့် အကုန်သိတာလဲ…

ဘုရားရှင် ဘာကြောင့် အကုန်သိတာလဲ…

Comments Off on ဘုရားရှင် ဘာကြောင့် အကုန်သိတာလဲ…

  ဘုရားရှင် ဘာကြောင့် အကုန်သိတာလဲ… အသင်္ချေ…… သင်္ချေဆိုတာ ရေတွက်နိုင်တယ်လို့ဆိုတယ်။အသင်္ချေဆိုတော့ မရေတွက်နိုင်ဘူးလို့ပြောတာ။ ဘုရားမပွင့်တဲ့သုညကမ္ဘာ ၊ ဘုရားတစ်ဆူပွင့်တဲ့သာရကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်တဲ့မဏ္ဍကမ္ဘာ၊ဘုရားသုံးဆူပွင့်တဲ့ဝရကမ္ဘာ၊ ဘုရားလေးဆူပွင့်တဲ့သာရမဏ္ဍကမ္ဘာ၊ ဘုရားငါးဆူပွင့်တဲ့ဘဒ္ဒကမ္ဘာ ဆိုပြီးရှိရာမှာ ကမ္ဘာ ကြာတဲ့ကာလတစ်ခုဖြစ်ပါတယ်။ (ကကမ္ဘာက နောက်မှာ တွက်ပြပါမယ်)လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ဆိုတဲ့နေရာမှာ တွက်ပြပါမယ်။ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓာဘဝက နိယတဗျာဒိတ်တော်ခံယူတဲ့ ဒီပင်္ကရာဘုရားပွင့်တာ ဟာသာရမဏ္ဍကမ္ဘာဖြစ်တယ်။ ဘုရားလေးဆူပွင့်တယ်။ တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရင်္ဏကရာ၊ ဒီပင်္ကရာ ဘုရားတွေပေါ့။ ဒီပင်္ကရာဘုရားရဲ့နောက်မှာ ကမ္ဘာပျက်ပြီးနောက် ပြန်ဖြစ်တဲ့ကမ္ဘာကသုညကမ္ဘာဘုရားမပွင့်ဘူး။အဲ့သုညကမ္ဘာပျက်ပြီးလည်း နောက်သုညကမ္ဘာပဲဆက်လာတယ်။ဒီလိုမျိုး သုညကမ္ဘာတွေချည့်ဖြစ်တာ ဘယ်လောက်များမှန်းမသိတော့ဘူး။အဲ့ဒါကို တစ်အသင်္ချေလို့ခေါ်တာ။ အဲ့သည်လောက် သုညကမ္ဘာဘယ်လောက်များများ ကြာသွားမှန်းမသိအောင်အချိန်ကာလကြာပြီးတော့ သာရကမ္ဘာတစ်ခုဖြစ်လာတယ်။ကောဏ္ဍညဘုရားတစ်ဆူပွငိ့ပြီးတော့ ကမ္ဘာပျက်တယ်။ အဲ့နောက်ကမ္ဘာတွေကသုညကမ္ဘာတွေ သူလည်းမရေနိုင်အောင်များပြီးတစ်ခါအသင်္ချေဖြစ်ပြန်တယ်။ပြီးတော့ သာရမဏ္ဍကမ္ဘာဖြစ်တယ်။ မင်္ဂလ၊ သုမန၊ ရေဝတ၊ သောဘိတ ဘုရားတွေပွင့်တယ်။ပြီးတော့ ကမ္ဘာပျက်တယ်။ သုညကမ္ဘာမရေနိုင်အောင်
Complete Reading

ဗုဒ္ဓဘာသာဝင် ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားကီနူးရိဗ် (Keanu Reeves) ၏ ရတနာမြတ်သုံးပါးအပေါ်အမြင်

Comments Off on ဗုဒ္ဓဘာသာဝင် ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားကီနူးရိဗ် (Keanu Reeves) ၏ ရတနာမြတ်သုံးပါးအပေါ်အမြင်

” ဗုဒ္ဓဘာသာဝင် ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားကီနူးရိဗ် (Keanu Reeves) ၏ ရတနာမြတ်သုံးပါးအပေါ်အမြင် ” ???? ******************************* Little Buddha မင်းသား Keanu Reeves ကရတနာမြတ်သုံးပါးအပေါ် ဤသို့ ရှုမြင်သုံးသပ်ခံယူပါတယ်..။ မြတ်ဗုဒ္ဓ ???? ~~~~~~ ” မြတ်ဗုဒ္ဓက ဆရာဝန်တစ်ယောက်နဲ့တူတယ် ” ” ရောဂါအခြေအနေနဲ့ အကြောင်းတရားကို ကောင်းကောင်းနားလည်ပြီး ဘယ်လိုကုသရမလဲဆိုတာကိုလည်း နားလည်ပြီးသင်ပေးတဲ့ ဆရာဝန်တစ်ယောက်နဲ့တူတယ် ” ။ ဓမ္မ တရား ???? <<<<<>>>>> ” ဓမ္မကတော့ မြတ်ဗုဒ္ဓရဲ့အဆုံးအမ ” ” ဆရာဝန်က သောက်သုံးရန်ညွှန်ကြားပေးတဲ့ ဆေးညွှန်းလိုပါပဲ ” ။ သံဃာ ???? ======= ” သံဃာကတော့ ဘုရားပေးတဲ့ဆေးတွေကို ဖြန့်ဝေပြီး
Complete Reading

လူ့ဘ၀ကို စိတ်မနာပါနဲ့

Comments Off on လူ့ဘ၀ကို စိတ်မနာပါနဲ့

လူ့ဘ၀ကို စိတ်မနာပါနဲ့ ————————- အဆင်မပြေတာနဲ့ ကြုံရတဲ့အခါ၊ ကိုယ့်လိုအင်ဆန္ဒနဲ့ တထပ်ထဲမကျတဲ့အခါ။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့အခါ၊မှန်နေရပါရက်နဲ့ မှားတယ်လို့ ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရတဲ့အခါ၊ ကိုယ်က ကောင်းပါရက်နဲ့ သူက ရက်စက်လိုက်တဲ့အခါ အလွန်ရခဲလှပါတယ်ဆိုတဲ့ လူ့ဘ၀ကြီးကို စိတ်ညစ်တယ်။ လူဖြစ်လာရတာမှားတယ်ဆိုပြီး နာကျည်းကြတယ်။ တချို့သေကြောင်းကြံကြတယ်။ တချို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပစ်လိုက်ကြတယ်။ လူ့ဘ၀မှာ အဆင်မပြေဘူး။ လူ့ဘ၀မှာ စိတ်ညစ်ရတယ်၊ လူ့ဘ၀ရဲ့ ဒုက္ခဆိုတာ အပါယ်ဘုံသားတွေနဲ့ နှိုင်းယှဉ်ရင် ဘာမှကို ပြောစရာမရှိတာပါ။ မြတ်စွာဘုရားလက်ထက် ဝေသာလီမြို့က အရောင်းအ၀ယ်သမားတယောက်။ သူက ဈေးဆိုင်ဖွင့်ထားတော့ သူ့ရဲ့ဆိုင်ရှေ့က ရွှံ့ဗွက်ကို သွားလာသူတွေ သွားရ လာရတာ အဆင်ပြေအောင်ဆိုပြီး နွားခေါင်ရိုးတခုကို လမ်းခင်းပေးထားပါတယ်။ တနေ့တော့ သူ့တူက ခိုးယူလာတဲ့ ပစ္စည်းတခုကို လက်ခံထားမှုနဲ့ သေဒဏ်အပြစ်ပေးခံရပါတယ်။ သေတော့
Complete Reading

၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ

Comments Off on ၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ

၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ မေး။ ။အရှင် ဘုရား၊ တပည့်တော် တို့၏ ဗုဒ္ဓဘာသာ ပန်းတိုင် သည် နိဗ္ဗာန် ဖြစ်ပါ သည်။ နိဗ္ဗာန် ကို မျက်မှောက် ပြုသွားကြ သူများမှာလည်း များပြားလှပါသည်။ ဤသို့ နိဗ္ဗာန် ကို မျက်မှောက် ပြုသွား သူများ များပြား လှသော် လည်း သုံးဆယ့် တဘုံ တွင် သတ္တ၀ါ များ ကုန်သည် ဟူ၍ မရှိပါ။ လူ့ဘုံ တွင် လည်း လူ့ဘုံ အလျောက်၊ နတ်ဘုံ တွင် လည်း နတ်ဘုံ အလျောက်၊ တိရစ္ဆာန် ဘုံတွင် လည်း တိရစ္ဆာန်
Complete Reading

အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုး

Comments Off on အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုး

အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုး —————– မသိတဲ့သူတွေကတော့ ရုပ်တုတွေ ဆင်းတုတော်တွေ အုတ်ပုံကြီးတွေကို ရှိခိုးနေကြတာလို့ ပဲ သုံးသပ်ကြတယ် ဘာသာတိုင်းမှာလည်း ကိုးကွယ်မှုပြယုတ်အမျိုးမျိုးရှိတာပဲလေဆိုပြီးသာမန်လောက်ပဲ ထင်ထားတတ်ကြပါတယ်။ ဘာသာအမျိုးမျိုးရှိလို့ ကိုးကွယ်မှု အမျိုးမျိုးရှိကြပေမဲ့ အတုနဲ့ အစစ်ရဲ့ဂုဏ်အရည်အချင်းကတော့ ကွာခြားပါလိမ့်မယ်။ စေတီတည်ထိုက်တဲ့အရာတွေဖြစ်တဲ့ ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂ စေတီတွေ ဆိုတာဟာ ပူဇော်ရင်အကျိုးကြီးမားစွာရှိလို့  ဘုရားရှင်ဟောထားခဲ့တာပါ။ နောက်တစ်ခါ ငါဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါ၌ ငါဘုရားရှင်ကိုပူဇော်ဖူးမြင်ရသော အကျိုးသည်၎င်း မရှိသောအခါ၌ စေတီ ပုံတော်ကို ပူဇော်ဖူးမြင်ရခြင်းသည်၎င်း သဒ္ဒါတရားထက်သန်တူညီမှုရှိခဲ့သော အကျိုးပေးသည်လည်းအတူတူပင်ဖြစ်ပေ၏ တဲ့။ မိမိရဲ့အိမ်ကဆင်းတုတော်ပဲဖြစ်ဖြစ် ပုံတော်ပဲ ဖြစ်ဖြစ် စေတီတဆူဆူပဲဖြစ်ဖြစ် သက်ရှိထင်ရှား ဘုရားရှင်ကဲ့သို့ စိတ်ထားနိုင်ပြီး ပန်း ရေချမ်းဆီမီး ဆွမ်း အစရှိတဲ့ကောင်းမှူ့ တွေလုပ်တာဟာသက်ရှိထင်ရှားဘုရားကိုပူဇော်လို့ ရတဲ့အကျိုးနဲ
Complete Reading

သာသနာ့အာဇာနည်တစ်ပါး ထွက်ပေါ်လာပါပြီ

Comments Off on သာသနာ့အာဇာနည်တစ်ပါး ထွက်ပေါ်လာပါပြီ

ကြက်သီးထအောင်တော်တာ ————– မန္တလေး ၊ရန်ကုန် သာမဏေကျော် ၂ ဘွဲ့စလုံး ကို(ပထမဂုဏ်ထူး) (ပညာချွန် ပထမ) တို့ဖြင့် ရရှိတော်မူခဲ့သောသာသနာ့အာဇာနည်တစ်ပါး ထွက်ပေါ်လာပါပြီ စစ်ကိုင်းမြို့ ဇိနောဒယ ကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိသော ရှင်ပညောဘာသ သည် ရန်ကုန်မြို့ သာသနာ့ဝန်ဆောင်အသင်းကြီး မှ ကြီးမှူးကျင်းပသောသာသနာ့ဝန်ဆောင်သာမဏေကျော်စာမေးပွဲ တွင်အောင်မြင်ပြီးသာသနာ့ဝန်ဆောင်သာမဏေကျော်ဘွဲ့ (ပညာချွန် ပထမ)ကို ရရှိခဲ့သည်သာမက… မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတ အသင်းကြီး မှ ကျင်းပသော(၆၉ )ကြိမ်မြောက် သာသနာလင်္ကာရ၊ သာမဏေကျော်စာလျှောက်မေးခန်း တွင်လည်းတတိယဆင့် ကို အောင်မြင်တော်မူပြီးသာသနာလင်္ကာရဘွဲ့ (ပထမဂုဏ်ထူး) ဖြင့်ပင် ရရှိခဲ့ပါပြီ။ ရှင်ပညောဘာသာလင်္ကာရသည် ၁၃၇၄ – ခု အစိုးရ ပထမငယ်တန်း… စစ်ကိုင်းမြို့ သာသနာလင်္ကာရ အငယ်တန်း… ၁၃၇၅ – ခု အစိုးရ ပထမလတ်တန်း
Complete Reading

အင်ဒိုနီးရှားမှာ လင်းလက် တောက်ပမည့်ကြယ်တစ်ပွင့် & လ တစ်စင်း

Comments Off on အင်ဒိုနီးရှားမှာ လင်းလက် တောက်ပမည့်ကြယ်တစ်ပွင့် & လ တစ်စင်း

အင်ဒိုနီးရှားမှာ လင်းလက် တောက်ပမည့်ကြယ်တစ်ပွင့် & လ တစ်စင်း *************** ** ကိုရင်ဘွဲ့နာမည်က ရှင်ဝိသုဒ္ဓါစာရပါ။စစ်ကိုင်းမြို့ မြစင်္ကြာကျောင်းတိုက်မှာနေ။အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး တရုတ်မျိုးနွယ်မိဘနှစ်ပါးမှဆင်းသက်။ကိုရင်မိဘများတွေက အင်ဒိုနီးရှားနိုင်ငံမှာ အခြေချနေထိုင်။ ** ကိုရင့်ကို စတွေ့တာက ကိုယ်တွေမြစင်္ကြာကျောင်းကို အလည်သွားတော့ ဆရာတော်ဦးဣန္ဒကာဘိဝံသကို သွားပြီးနှုတ်ဆက်ကန်တော့တဲ့အခါ နိုင်ငံခြားကိုရင်တပါးကိုစာသင်ပေးတာနဲ့ ပြန်လာခဲ့ပါတယ်။အံသြဝမ်းသာခါ နိုင်ငံခြားသားကိုရင်ကို တွေ့ချင်နေမိ။ ** ပြန်ခါနီးကြ ကိုရင်ကို တမာပင်အောက်မှာတွေ့ရလို့ မြစင်္ကြာစာချဘုန်းကြီးလေးဦးဝေပုလ္လာဘိဝံသက မိတ်ဆက်ပေးလို့ ခင်မင်ခဲ့ရ၊ကိုရင့်အကြောင်းတွေကို သိခဲ့ရပါတယ်။ကိုရင်က သူ့မိဘတွေနှင့်အတူ ရန်ကုန်မြို့ တရားစခန်းမှာ တရားရိပ်သာဝင်တာကနေ ကိုရင်ဝတ်ခဲ့ပါတယ်။ ** ပြန်မထွတ်လိုတော့လို့ သူ့မိဘတွေက အမြူတေမဂ္ဂဇင်းအယ်ဒီတာဦးဝင်းငြိမ်း(အစ္စလာမ်ဘာသာဝင်)ရဲ့ လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြို့ မြစင်္ကြာကျောင်းတိုက်ကိုလာရောက်အပ်နှံခဲ့ကြပြီး ပြန်သွားကြပါတယ်။ **ကိုရင်က လူဝင်စားဖြစ်ပုံရပြီး အရင်ဘဝကလဲကိုရင်ဖြစ်ခဲ့ဖူးပုံထင်ရပါတယ်။ချိုချဉ်ဆိုအလွန်ကြိုက်။မြန်မာစကားကလဲ ခနလေးသင်ခါစရှိသေး ကိုယ်တွေမြန်မာတွေတောင် အံသြယူရတယ်။သွတ်လပ်ချက်။စကားလဲကြွယ်တယ်။ကိုရင့်ကို စကားနိုင်ငြင်းဖို့မလွယ်။ ** တခါမှာ
Complete Reading

Create Account



Log In Your Account