ေၾကာက္စရာစိတ္န႔ဲ အိမ္႐ိုက္သံ

ေၾကာက္စရာစိတ္န႔ဲ အိမ္႐ိုက္သံ

ေၾကာက္စရာစိတ္န႔ဲ အိမ္႐ိုက္သံ

Comments Off on ေၾကာက္စရာစိတ္န႔ဲ အိမ္႐ိုက္သံ

အိမ္ရိုက္သံ
——————-
ဟိုတုန္းက အင္မတန္မွ စိတ္တို၊ စိတ္ဆတ္တဲ့ ေကာင္ေလး တစ္ေယာက္ရွိသတဲ့။ တစ္ေန႔က်ေတာ့ သူ႕အေဖက ေကာင္ေလးကို အိမ္ရိုက္သံတစ္ထုပ္ ေပးလိုက္ၿပီး ေၿပာပါေတာ့တယ္။

မင္းတစ္ခါ စိတ္တုိတိုင္း သံတစ္ေခ်ာင္းကိုေနာက္ေဖး က ၀င္းထရံတိုင္မွာ သြားရိုက္ေခ်ကြာတဲ့။

အေဖက အဲဒီလိုေၿပာၿပီး သံထုပ္ကိုေပးလိုက္တဲ့ ပထမေန႔မွာ ေကာင္ေလးဟာ ၀င္းထရံတိုင္မွာ သံေပါင္း ၃၇ ေခ်ာင္းရိုက္သြင္း ၿဖစ္သြားတယ္။ အဲဒီလိုနဲ႔သူစိတ္တိုတိုင္း သံေလးေတြကို ၀င္းထရံမွာ ရိုက္ရင္းရိုက္ရင္း ေကာင္ေလးဟာ သူ႕စိတ္သူ ထိန္းႏိုင္လာသတဲ့။ သံရိုက္ခ်က္ေတြဟာလည္း တစ္ေန႕ထက္တစ္ေန႕ က်ဲလာခဲ့တယ္။

ဒီလိုနဲ႕ ေကာင္ေလးဟာ ၀င္းထရံမွာ သံေၿပးရိုက္တာထက္စာရင္ ေဒါသၿဖစ္ေနတဲ့ စိတ္ကိုထိန္းရတာ ပိုလြယ္မွန္း သေဘာက္ေပါက္လာေတာ့တယ္၊ အဆံုးမွာ ေကာင္ေလးဟာ စိတ္မတိုပဲေန ႏိုင္တဲ့ေန႔ကို ေရာက္လာေရာ၊ ေကာင္ေလးက ေၿပးၿပီး သူ႔အေဖကို သတင္း သြားပို႔တယ္…. အေဖေရ… သားေတာ့ စိတ္ကို ထိန္းႏိုင္သြားၿပီဗ်။

အဲ့ဒီလိုက်ေတာ့ သူအေဖက တစ္မ်ဳိးခိုင္းၿပန္ေရာ…၊

မင္းကိုယ္မင္း ေဒါသမၿဖစ္ေအာင္တစ္ေနကုန္ ထိန္းႏိုင္ၿပီဆိုတာနဲ႕ အဲ့ဒီသံေတြကို ၿပန္ႏုတ္ဦးကြာ။ တစ္ေန႔ထိန္းႏိုင္ရင္ ညအိပ္ခါနီး တစ္ေခ်ာင္းႏွဳန္းနဲ႔ ႏွဳတ္ေနာ္လို႕ မွာလိုက္သတဲ့။ ရက္ေတြၾကာလာေတာ့ ေကာင္ေလး က သူ႔အေဖကိုေၿပာႏိုင္သြားတယ္။ အေဖေရ သားရိုက္ခဲ့တဲ့ သံေတြ အားလံုး ကိုႏွဳတ္ၿပီးသြားၿပီ၊ တစ္ေခ်ာင္းမွ မက်န္ေတာ့ဘူး။

သည္အခါ အေဖလုပ္တဲ့သူက သားရဲ႕လက္ကို ဆြဲၿပီး သားရိုက္ခဲ့တဲ့ ၀င္းထရံဆီကို ေခၚသြားတယ္၊

ေတာ္တယ္ငါ့သားလို႔လည္း ဆိုပါတယ္။

ဒါေပမယ့္ သားေသခ်ာၾကည့္စမ္း။ ၀င္းထရံတိုင္မွာ အေပါက္ေတြၿဖစ္က်န္ခဲ့တယ္ေနာ္။ ဒီ၀င္းထရံတိုင္ေတြက အရင္တုန္းက လို ေခ်ာေခ်ာေမြ႕ေမြ႕ မဟုတ္ေတာ့ဘူးဆိုတာ သားၿမင္တယ္ မဟုတ္လား။

ေအး သားက စိတ္တုိတိုနဲ႔ ပါးစပ္က ေၿပာခ်လိုက္တဲ့အခါ တစ္ဖက္သားဆိုတဲ့ ၀င္းထရံတိုင္မွာ အခုလို အမာရြတ္ေတြထင္က်န္ရစ္ခဲ့တတ္တယ္ သားရယ္။

အဲဒီလိုပဲ လူတစ္ေယာက္ကို သားက ဓါးနဲ႔ထိုးလိုက္တယ္။ ၿပီးရင္ ဓါးၿပန္ႏႈတ္ၿပီး ရွိခိုးေတာင္ပန္တယ္ဆိုပါစို႕။ သားဘယ္ႏွစ္ခါဘဲ ရွိခိုးေတာင္းပန္ပါေစ။ ဒဏ္ရာနဲ႕ အမာရြတ္ေတြကေတာ့ မလြဲမေသြ က်န္ခဲ့မွာပဲ ငါ့သားရယ္….တဲ့။

တကယ္ေတာ့ မိတ္ေဆြသူငယ္ခ်င္းေတြဆိုတာ အဖိုးတန္တဲ့ ရတနာေတြပါပဲ။ သူတို႔ဟာ ငါတုိ႕ေတြကို ေပ်ာ္ရႊင္ရယ္ေမာေစတယ္။ အားေပးကူညီတယ္။ ဒုကၡ၊ သုခေတြကို လည္း မွ်ေ၀ခံစားၾကတယ္။ ရင္ဖြင့္သမွ်ကို ဂရုစိုက္နားေထာင္ေပးတယ္။

ဒါေၾကာင့္ တစ္ခုခုဆို စိတ္လိုက္မာန္ပါ မလုပ္နဲ႔။ သူတို႕ကို သံႏွဳတ္ရာက်န္ခဲ့တဲ့ ၀င္းထရံေတြအၿဖစ္ မေရာက္ပါေစနဲ႔။ ကိုယ့္မိတ္ေဆြ သူငယ္ခ်င္းေတြကို ကုိယ္က ဘယ္ေလာက္ဂရုစုိက္ ေၾကာင္း သူတုိ႔ကိုလည္း သူတုိ႔ရဲ႕ မိတ္ေဆြေတြအေပၚ ဂရုစိုက္လာ ေအာင္ လုပ္ေပးသင့္ ေၾကာင္းေၿပာၾကားေပးပါ။

ဒါေၾကာင့္ ကိုယ္တိုင္က သူငယ္ခ်င္းေကာင္း မိတ္ေဆြေကာင္းအၿဖစ္ သတ္မွတ္ထားတဲ့သူေတြဆီကို ဒီပံုၿပင္ေလးကို လက္ဆင့္ကမ္းပါ။ ယုတ္စြအဆံုး ဒီစာေလးကို ပို႔လိုက္တဲ့သူဆီ ဒီအတိုင္း ၿပန္ပို႔ႏိုင္ပါေသးတယ္။ ကိုယ္ပို႔လိုက္တဲ့ စာ ကိုယ့္ဆီၿပန္ေရာက္လာရင္ ကိုယ့္မွာ မိတ္ေဆြေကာင္းေတြ ရွိေနတာကို အလိုလို ခံစားႏိုင္မွာပါ။

ဆရာအတၱေက်ာ္

အိမ်ရိုက်သံ
——————-
ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။

မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊

မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊

တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။

ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။

အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။

အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။

ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။

ဆရာအတ္တကျော်

ThuTa Star

Related Posts

ဖုန္းအားသြင္းၿပီး အိပ္ေပ်ာ္သြားသူတစ္ဦးရဲ႕ တစ္သက္မေမ့ႏုိင္စရာ အျဖစ္အပ်က္

Comments Off on ဖုန္းအားသြင္းၿပီး အိပ္ေပ်ာ္သြားသူတစ္ဦးရဲ႕ တစ္သက္မေမ့ႏုိင္စရာ အျဖစ္အပ်က္

သိၿပီးၿပီလား…အခုတေလာ တအားနာမည္ႀကီးေနတဲ့ မိန္းမ၀တ္ အတြင္းခံေဘာင္းဘီတဲ့ ေတာ္ေရ…။

Comments Off on သိၿပီးၿပီလား…အခုတေလာ တအားနာမည္ႀကီးေနတဲ့ မိန္းမ၀တ္ အတြင္းခံေဘာင္းဘီတဲ့ ေတာ္ေရ…။

ဖုန္းရွိသူတိုင္း ေန႔မဟုတ္ တစ္ေန႔ ႀကံဳလာရင္ အသံုးတည့္လို႔ ရွဲယူထားႏိုင္ပါသည္။

Comments Off on ဖုန္းရွိသူတိုင္း ေန႔မဟုတ္ တစ္ေန႔ ႀကံဳလာရင္ အသံုးတည့္လို႔ ရွဲယူထားႏိုင္ပါသည္။

ဘုရားေစတီမ်ား၌ဌာပနာထည့္သြင္းျခင္းရည္႐ြယ္ခ်က္

Comments Off on ဘုရားေစတီမ်ား၌ဌာပနာထည့္သြင္းျခင္းရည္႐ြယ္ခ်က္

ျမန္မာ့၀န္ႀကီးခ်ဳပ္ ၁၄ ဦးစလုုံး၏ ကုုိယ္ေရးရာဇ၀င္နဲ႔ ေနာက္ခံ သမုုိင္းေၾကာင္းမ်ား

Comments Off on ျမန္မာ့၀န္ႀကီးခ်ဳပ္ ၁၄ ဦးစလုုံး၏ ကုုိယ္ေရးရာဇ၀င္နဲ႔ ေနာက္ခံ သမုုိင္းေၾကာင္းမ်ား

ဗိုလ္​ခ်ဳပ္​မွဴ းႀကီး မဟာသ​ေရစည္​သူမင္​း​ေအာင္​လိႈင္​၏ကိုယ္​​ေရးအက်ဥ္​း

Comments Off on ဗိုလ္​ခ်ဳပ္​မွဴ းႀကီး မဟာသ​ေရစည္​သူမင္​း​ေအာင္​လိႈင္​၏ကိုယ္​​ေရးအက်ဥ္​း

Create Account



Log In Your Account