တစ်နာရီခန့်စော၍ လူမှုကွန်ရက် စာမျက်နှာ၌ စာမေးပွဲမေးခွန်း တင်ခဲ့သူအား ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်

တစ်နာရီခန့်စော၍ လူမှုကွန်ရက် စာမျက်နှာ၌ စာမေးပွဲမေးခွန်း တင်ခဲ့သူအား ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်

တစ်နာရီခန့်စော၍ လူမှုကွန်ရက် စာမျက်နှာ၌ စာမေးပွဲမေးခွန်း တင်ခဲ့သူအား ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်

Comments Off on တစ်နာရီခန့်စော၍ လူမှုကွန်ရက် စာမျက်နှာ၌ စာမေးပွဲမေးခွန်း တင်ခဲ့သူအား ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်

 







The Ladies News

======================

ပဲခူးတိုင်းဒေသကြီးအတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင် တစ်နာရီခန့်စော၍ စာမေးပွဲမေးခွန်း တင်ခဲ့သူအား ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ)က ၆၆ ဃ ဖြင့် အမှုဖွင့်ထားကြောင်း ပဲခူး အမှတ်(၂)မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက The Ladies သို့ ပြောသည်။

“မနေ့က (မတ်လ ၁၂ ရက်) ဆရာမတွေလာပြီး ဆယ်တန်းမေးခွန်းပေါက်တဲ့ကိစ္စ အမှုဖွင့်သွားတာပါ” ဟု တာဝန်ကျရဲအရာရှိက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုသောနေ့တွင် ဓာတုဗေဒဘာသာရပ် မေးခွန်းများ Online ပေါ်တွင် Sayar Bone အကောင့်ဖြင့် တင်ထားသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်မေသက်နွယ် ဒုတိယညွှန်ကြားရေးမှူး(စီမံ) ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးသည် တိုင်းပညာရေး တာဝန် ထမ်းဆောင်နေစဉ် တစ်ရုံးတည်းနေ ဦးသီဟထွန်း ၃၇ နှစ် ဒုတိယဦးစီးမှူး ပဲခူးမြို့နေသူမှ ၎င်းကိုင်ဆောင်သည့် (၀၉- ၇၉၆၉၅၄၇၉၈) ဖုန်းနံပါတ်ပါ Samsung J7 အမျိုးအစား မီးခိုးရောင်ဖုန်းတွင် လူမှုကွန်ရက်ဖြစ်သော FACEBOOK ၌ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ စတုတ္ထနေ့၊ ဓာတုဗေဒဘာသာရပ် မေးခွန်းများကို Sayar Bone အကောင့်ဖြင့် တင်ထားသည်ကို တွေ့ရှိကြောင်း တင်ပြခဲ့သဖြင့် အဆိုပါအကောင့်အား ဆက်လက်ဖွင့်ကြည့်ရာ ပဲခူးမြို့၊ ရွှေဘုံသာပရဟိတ ပညာဒါနကျောင်း၊ ကလျာဏီ ၇ လမ်း၊ ပဲခူး၏ Page အား Share ထားသည်ကို တွေ့ရှိရသည်။

Phyo Wai Aung အကောင့်တွင် ၂၀၁၈ မတ် ၉ ရက်၊ ၁၀ နာရီ ၃၅ အချိန်တွင် သချာင်္မေးခွန်းများကို Online တင်ပေးခဲ့သူ၏ အကောင့်ဖြင့် တင်ထားသည်ကို Screen Shot ရိုက်၍ Sayar Bone အကောင့်မှ “အန္တရာယ်ကြားက မေတ္တာ”ဟု ပြန်လည်တင်ထားကြောင်း ယခင်နေ့များကလည်း မေးခွန်းများကို သတ်မှတ်ချိန် မွန်းတည့် ၁၂ နာရီမတိုင်မီ Online ပေါ်တွင်တင်ထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါမေးခွန်းများသည် စာမေးပွဲကျင်းပပြီးစီးသည့် မွန်းတည့် ၁၂ နာရီအထိ မည်သူမှ ပြင်ပသို့ ယူဆောင်ခြင်း၊ ပြသခြင်း ပြုလုပ်ခွင့်မရှိဘဲ Online ပေါ်တွင် တွေ့ရှိရ၍ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကိုအသုံးပြု၍ ပညာရေးဌာန၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း ပြုလုပ်သူ Sayar Bone အကောင့်ပိုင်ရှင်အား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်မေသက်နွယ်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး အမှတ် ၂ နယ်မြေရဲစခန်း ပ ၂၂၃/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

The Ladies News

ThuTa Star

Related Posts

ပန်းဦးချွေတဲ့ ဘာသာဖျက်​ သာသနာဖျက်​ အရည်းကြီး မိစ္ဆာဝါဒ​ကောင်​ မုဒိမ်းသမားခွန်​တန်အကြောင်း

Comments Off on ပန်းဦးချွေတဲ့ ဘာသာဖျက်​ သာသနာဖျက်​ အရည်းကြီး မိစ္ဆာဝါဒ​ကောင်​ မုဒိမ်းသမားခွန်​တန်အကြောင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ဆုံး အခွင့်အရေးဟု ကုလအတွင်းရေးမှူးချုပ် ခြိမ်းခြောက်

Comments Off on ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ဆုံး အခွင့်အရေးဟု ကုလအတွင်းရေးမှူးချုပ် ခြိမ်းခြောက်

၁၄နှစ်အရွယ် မိန်းကလေးတစ်ဦး ရန်ကုန်မြို့ လိုင်းကားပေါ်တွင် အမျိုးသမီးတစ်ဦးက အချိုရည်တိုက်၍

Comments Off on ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦး ရန်ကုန်မြို့ လိုင်းကားပေါ်တွင် အမျိုးသမီးတစ်ဦးက အချိုရည်တိုက်၍

အများပိုင်လမ်းပေါ် ဈေးရောင်းပါက ကျပ်ငါးသိန်း ( သို့ ) ထောင်ဒဏ် ခြောက်လအထိ ချမှတ်တော့မည်

Comments Off on အများပိုင်လမ်းပေါ် ဈေးရောင်းပါက ကျပ်ငါးသိန်း ( သို့ ) ထောင်ဒဏ် ခြောက်လအထိ ချမှတ်တော့မည်

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်များ

Comments Off on ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်များ

သုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသော ထိုင်းအမျိုးသမီးရဲ့ အလှူ

Comments Off on သုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသော ထိုင်းအမျိုးသမီးရဲ့ အလှူ

ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန် ကြံစည်မှု့ဖြစ်ပွား

Comments Off on ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန် ကြံစည်မှု့ဖြစ်ပွား

Vday မှာ စုံတွဲများကို ဖမ်းဆီးပီး အခွန်၅သိန်းဆောင်ခိုင်းမည့်သတင်းမှာ သတင်းအတုသာဖြစ်

Comments Off on Vday မှာ စုံတွဲများကို ဖမ်းဆီးပီး အခွန်၅သိန်းဆောင်ခိုင်းမည့်သတင်းမှာ သတင်းအတုသာဖြစ်

တပ်မတော်ကိုယ်စားလှယ်တွေ ကန့်ကွက်

Comments Off on တပ်မတော်ကိုယ်စားလှယ်တွေ ကန့်ကွက်

မန္တလေး အနုကြမ်းစီး ဓါးမြတိုက်မှု

Comments Off on မန္တလေး အနုကြမ်းစီး ဓါးမြတိုက်မှု

ဂုဏ်ယူလိုက်စမ်းပါ မြန်မာတို့ ….

Comments Off on ဂုဏ်ယူလိုက်စမ်းပါ မြန်မာတို့ ….

မြစ်ကြီးနားတွင် ရွှေဆိုင်ပိုင်ရှင်အား ဓားဖြင့်ထိုး၍ ရွှေသုံးပိဿာ၊ငွေကျပ်သိန်း(၂၀၀)နှင့် ကားလုယက်မှုဖြစ်ပွား

Comments Off on မြစ်ကြီးနားတွင် ရွှေဆိုင်ပိုင်ရှင်အား ဓားဖြင့်ထိုး၍ ရွှေသုံးပိဿာ၊ငွေကျပ်သိန်း(၂၀၀)နှင့် ကားလုယက်မှုဖြစ်ပွား

Create Account



Log In Your Account