ဘန်ကောက်မြို့လယ်က ကုန်တိုက်ထဲ မြန်မာ ၁၀၀ ကျော် ခိုက်ရန်ဖြစ်ပွား

ဘန်ကောက်မြို့လယ်က ကုန်တိုက်ထဲ မြန်မာ ၁၀၀ ကျော် ခိုက်ရန်ဖြစ်ပွား

ဘန်ကောက်မြို့လယ်က ကုန်တိုက်ထဲ မြန်မာ ၁၀၀ ကျော် ခိုက်ရန်ဖြစ်ပွား

Comments Off on ဘန်ကောက်မြို့လယ်က ကုန်တိုက်ထဲ မြန်မာ ၁၀၀ ကျော် ခိုက်ရန်ဖြစ်ပွား

 








Credit _ DVB

 

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ခေါင် လတ်ဖရော့တ် ကုန်တိုက်ကြီးထဲမှာ မြန်မာလူရွယ် ၁၀၀ ကျော် ခိုက်ရန်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ပြေးလွှားနေတဲ့ ဗွီဒီယိုဖိုင်တွေ ခုရက်ပိုင်းတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေကာ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

အဆိုပါ ဗွီဒီယိုဖိုင်ကို Chamaiporn Changsiri ဆိုသူက သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ “ကြည့်စမ်း- ဒါ တို့ထိုင်းနိုင်ငံမှာ” လို့ အဓိပ္ပာယ်ရတဲ့ မှတ်ချက်နဲ့အတူ မတ်လ ၁၂ ရက်နေ့က တင်ထားခဲ့တာဖြစ်ပြီး နေ့မကူးခင် ဝင်ကြည့်သူပေါင်း ၉ သိန်းကျော်သွားသလို ရန်ဖြစ်သူတွေကို ပြစ်တင်ဝေဖန်ဆဲဆိုမှုတွေလည်း မြင့်တက်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ လက်အောက်ခံ အွန်လိုင်းမီဒီယာစောင့်ကြည့်ရေး ဗဟိုဌာနက လတ်ဖရော့တ်ကုန်တိုက်တည်ရာ ချုတ်ချိုင်းနယ်မြေရဲစခန်းကို ဆက်သွယ်မေးမြန်းရာ မှာ စခန်းမှူးက အဆိုပါအဖြစ်အပျက်မှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့ကြောင်း၊ လတ်ဖရော့တ်နယ်မြေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ဝင်ရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ကုန်တိုက်ကြီးရဲ့ ၇ လွှာထပ်မှာ ရှမ်း၊ ကရင်၊ မြန်မာစတဲ့ မြန်မာပြည်က တိုင်းရင်းသားအလုပ်သမားလူငယ်တစ်စု အချင်းချင်းရန်ထောင်ခဲ့ကြောင်း၊ သတင်းပေးချက်အရ ကုန်တိုက်စောင့်လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ အခြေအနေကို သွားရောက်ထိန်းသိမ်းကာ လူရွယ် ၅ ဦးကို ခေတ္တထိန်းသိမ်းခဲ့တယ်လို့ စခန်းမှူးက ဆက်ပြောပါတယ်။

စစ်ဆေးချက်အရ မြန်မာလူရွယ်တွေမှာ လက်နက်တစုံတရာမရှိသလို ထိခိုက်ဒဏ်ရာရသူ မှာလည်း အနည်းအကျဉ်းသာရှိကြောင်း၊ အဆိုပါဒဏ်ရာမှာလည်း ပြေးရင်းလွှားရင်း ကုန်တိုက်ထဲ က မှန်နဲ့ဝင်ဆောင့်မိလို့ ရခဲ့တဲ့ ဒဏ်ရာတွေပဲလို့ ဆိုပါတယ်။

ရဲစခန်းက ဖျန်ဖြေမှုကြောင့် လူငယ်နှစ်ဦးနှစ်ဘက် ကျေအေးပြီး အမှုဖွင့်တာမရှိကြောင်း၊ ဒါပေမယ့် ၃ ထပ်အလွှာက ဆိုင်ပိုင်ရှင်ကတော့ သူ့မှန်ကွဲသွားတာ အလျော်တောင်းလို့ လူငယ်တွေ ပိုက်ဆံစုပြီး ဘတ် ၅ ထောင် ပေးလျော်လိုက်တယ်လို့ ရဲမှူးက ပြောသွားပါတယ်။

ကိုးကား – Workponitnews

Credit _ DVB

ThuTa Star

Related Posts

ရွှေရင်ကျော်ဆရာမှ ဆေးကုသပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ပြန်ရောက်မလာတော့တဲ့ ၁၇နှစ် သမီးလေး

Comments Off on ရွှေရင်ကျော်ဆရာမှ ဆေးကုသပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ပြန်ရောက်မလာတော့တဲ့ ၁၇နှစ် သမီးလေး

မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတကြီးစပ်ရွှေသိုက်၏မြေး” သူ ကွမ်းယာ ရောင်း နေ သည် “

Comments Off on မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတကြီးစပ်ရွှေသိုက်၏မြေး” သူ ကွမ်းယာ ရောင်း နေ သည် “

မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းထိုးကြိတ်သူများကို (၃)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

Comments Off on မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းထိုးကြိတ်သူများကို (၃)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ထိုင်း ချဲထီ ( ၃ ) လုံးထွက်ရှိမှု တိုက်ရိုက် ( Live ) ကြည့်ရှု့ ရန်

Comments Off on ထိုင်း ချဲထီ ( ၃ ) လုံးထွက်ရှိမှု တိုက်ရိုက် ( Live ) ကြည့်ရှု့ ရန်

(၉)လသားကလေးကို သေဆုံးတဲ့အထိ ပစ်ထားပြီး ပါတီသွားနေခဲ့တဲ့မိခင်

Comments Off on (၉)လသားကလေးကို သေဆုံးတဲ့အထိ ပစ်ထားပြီး ပါတီသွားနေခဲ့တဲ့မိခင်

ခန္ဓာကိုယ်မှထွက်သည့်သွေးနှင့်ချွေး တို့မှ ကျောက်အနီရောင်လေးများ ဖြစ်သွားတတ်၍ နာမည်ကြီးနေသည့် ကျောက်သွေးဆရာတော်

Comments Off on ခန္ဓာကိုယ်မှထွက်သည့်သွေးနှင့်ချွေး တို့မှ ကျောက်အနီရောင်လေးများ ဖြစ်သွားတတ်၍ နာမည်ကြီးနေသည့် ကျောက်သွေးဆရာတော်

ကိုရင်ရဲ့ခေါင်းကို ခြေထောက်နဲ့နင်းတဲ့လူယုတ်မာ ဗီဒီယိုဖိုင်ထွက်ပေါ်

Comments Off on ကိုရင်ရဲ့ခေါင်းကို ခြေထောက်နဲ့နင်းတဲ့လူယုတ်မာ ဗီဒီယိုဖိုင်ထွက်ပေါ်

မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ အတည်ပြုပြီ

Comments Off on မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ အတည်ပြုပြီ

လေးစားပါတယ် ဒေါက်တာတို့ ပြည်သူတွေအတွက် ဝမ်းသာစရာသတင်းပါဗျာ လူနာရှင်တွေ ဖတ်ဖြစ်အောင်ဖတ်ထားပါ

Comments Off on လေးစားပါတယ် ဒေါက်တာတို့ ပြည်သူတွေအတွက် ဝမ်းသာစရာသတင်းပါဗျာ လူနာရှင်တွေ ဖတ်ဖြစ်အောင်ဖတ်ထားပါ

သင်္ကြန်သီချင်းလေးနဲ့ လှုပ်ခါရမ်းပြီး ကပြသွားတဲ့ ချိုဇင်ဝင်းပြည့်ရဲ့ ဗွီဒီယို

Comments Off on သင်္ကြန်သီချင်းလေးနဲ့ လှုပ်ခါရမ်းပြီး ကပြသွားတဲ့ ချိုဇင်ဝင်းပြည့်ရဲ့ ဗွီဒီယို

YBS ၁၄ ယာဉ်ပေါ်တွင်အမျိုးသမီးတစ်ဦး၏ ထဘီစကတ်ကိုချွန်ထက်သောအရာတစ်ခုဖြင့် ခွဲဖြဲခဲ့သူကိုအမှုဖွင့်

Comments Off on YBS ၁၄ ယာဉ်ပေါ်တွင်အမျိုးသမီးတစ်ဦး၏ ထဘီစကတ်ကိုချွန်ထက်သောအရာတစ်ခုဖြင့် ခွဲဖြဲခဲ့သူကိုအမှုဖွင့်

“တောင်သူတွေ အလိမ်ခံရကိန်းရှိသည် သတိထားကြပါ”

Comments Off on “တောင်သူတွေ အလိမ်ခံရကိန်းရှိသည် သတိထားကြပါ”

Create Account



Log In Your Account